ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိထားပြီး ယောကျ်ားလေးပရိသတ်တွေအပြင် မိန်းကလေးပရိသတ်တွေကပါ တခဲနက်ချစ်ခင်ကြတဲ့ ပြည်သူ့အချစ်တော် ရွှေမင်းသမီးချောလေး ဝတ်မှုံရွှေရည်ကတော့ ပရိသတ်တွေနဲ့တွေ့ဆုံပြီး Fan Meeting လေး ပြုလုပ်ခဲ့ပါတယ်..။

တိုးမပေါက်လောက်အောင် ပရိသတ်တွေကြိတ်ကြိတ်တိုးစည်ကားခဲ့တဲ့ Fan Meeting လေးမှာ ရွှေကစ်လေးတစ်ယောက် အရမ်းကို ရင်ခုန်စိတ်လှုပ်ရှားခဲ့ပြီး ပရိသတ်တွေနဲ့အတူ ပျော်ရွှင်ခဲ့ကြတာကို အားလုံးပဲ မြင်တွေ့ပြီး ဖြစ်မှာပါနော်..။


Photo By Myanmarload
Photo By Myanmarload

ရွှေကစ်လေးကတော့ ချစ်ရတဲ့ပရိသတ်တွေနဲ့အတူ အလှူလေးပြုလုပ်ချင်တဲ့ ရည်ရွယ်ချက်လေးနဲ့အတူ သူမရဲ့ Fan Meeting လေးမှာ သူမသုံးခဲ့တဲ့ ပစ္စည်းလေးတွေကို လေလံတင် ရောင်းချသွားမှာဖြစ်ပြီး ရရှိလာတဲ့ ငွေတွေကို လှူဒါန်းသွားမှာ ဖြစ်ပါတယ်နော်..။

ကစ်လေးက သူမရဲ့ပန်းချီကား၊ Star Award မှာ ဝတ်ခဲ့တဲ့ သူမရဲ့ဝတ်စုံလေးနဲ့ ပိုက်ဆံအိတ် ကို လေလံတင်ပြီး ရလာတဲ့ငွေတွေအပြင် သူမလက်တွဲပြီး အနုပညာအလုပ်တွေလုပ်ဆောင်နေတဲ့ ကုမ္မဏီတွေအပြင် ပရိသတ်တွေနဲ့အတူ ပူးပေါင်းပြီး အလှူလေး ပြုလုပ်သွားမှာပါနော်..။


Photo By Myanmarload
Photo By Myanmarload
Photo By Myanmarload

ပြီးခဲ့တဲ့ နိုဝင်ဘာလ (၂၁) ရက်နေ့ (အမျိုးသားနေ့)၊ Junction Square Outdoor Area မှာ သူမရဲ့ Fan Meeting ပွဲလေးကို ကျင်းပပြုလုပ်ခဲ့ပြီး လှူဒါန်းသွားမယ့် နေရာလေးတွေကတော့ ဒေါ်ခင်ကြည်ဖောင်းဒေးရှင်း၊ မိဘမဲ့ဂေဟာနဲ့ အမေများအဖွဲ့ကို လှူဒါန်းသွားမှာဖြစ်တဲ့အကြောင်းလေးကိုလည်း ရွှေကစ်လေးက ပြောပြထားပါတယ်..။

ချစ်ပရိသတ်တွေနဲ့ တွေ့ရလို့ ရင်ခုန်စိတ်လှုပ်ရှားရင်း အလှူလေးအကြောင်း ပြောပြထားတဲ့ ရွှေကစ်လေးရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း ချစ်ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်တာမို့ ကစ်လေးအတွက် အသည်းလေးတွေ ပေးသွားကြဖို့ မမေ့ပါနဲ့ဦးနော်..။

Photo By Myanmarload
Photo By Myanmarload
Photo By Myanmarload

Photo By Myanmarload

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။