အနုပညာလောကမှာ ယနေ့ချိန်ထိအောင်မြင်မှုတွေရရှိနေသူကတော့ သရုပ်ဆောင်မင်းသမီး ခိုင်သင်းကြည်ပါ။ သူ့ရဲ့သရုပ်ဆောင်မှုတွေဟာလည်း အပိုလိုမရှိကွက်တိဖြစ်မှုတွေကြောင့် အနုပညာရှင်အချင်းချင်းကပါ ချီးကျူးနေရတာပါ။ မခိုင်လေးရဲ့သမီးချောလေးကလည်း မေမေနဲ့အတူ အနုပညာအလုပ်တွေကိုအတူတကွ လုပ်ကိုင်နေကြတာပါ။

Photo Credit- Amazing Grace Photography
Photo Credit- Amazing Grace Photography

ထိပ်ထိပ်လေးဟာ စာမေးပွဲဖြေနေရတာကြောင့် အနုပညာအလုပ်တွေနဲ့ခေတ္တအလှမ်းဝေးကွာခဲ့တာဖြစ်ပြီး အခုချိန်မှာ စာမေးပွဲတွေပြီးသွားပြီဖြစ်တာကြောင့် ကြော်ငြာတွေပြန်လည်ရိုက်ကူးနေတာပါ။ ထိပ်ထိပ်လေးဟာလည်း ငယ်ငယ်ရွယ်ရွယ်လေးနဲ့ သွက်လက်ထက်မြက်လွန်းတာကြောင့်လည်း ပရိသတ်တွေက ချစ်မဝဖြစ်နေရတာပါ။

Photo Credit- Amazing Grace Photography
Photo Credit- Amazing Grace Photography

အခုမှာလည်း သူမရဲ့လူမှုကွန်ယက်စာမျက်နှာတွင် ပုံရိပ်လေးတွေတင်ထားတာပါ။ ဒါကတော့ Telenor Myanmar ကကျင်းပတဲ့ပွဲအခမ်းအနားလေးကို ချစ်ရတဲ့မေမေနဲ့အတူ ဆင်တူအ​ရောင်လေးဝတ်ဆင်ကာတက်ရောက်လာတာပါ။ ပရိသတ်တွေအတွက် ဒီပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။

Photo Credit- Amazing Grace Photography

Source- San Htate Htar Oo’s Facebook 

Photo Credit- Amazing Grace Photography
Photo Credit- Amazing Grace Photography

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။