မော်ဒယ်မင်းသားချောလေး ပိုင်တံခွန်ကတော့ အားပေးသူပရိသတ်အခိုင်အမာရရှိထားသူတစ်ယောက်ဖြစ်သလို နှုတ်ခမ်းနီးမလေးတွေရဲ့ အသည်းစွဲ အနုပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ပိုင်တံခွန် ဟာ ပြည်တွင်းကအားပေးသူ ပရိသတ်တွေသာမက အခြားသောနိုင်ငံက အားပေးသူပရိသတ်တွေကို ရရှိပိုင်ဆိုင်ထားသူလေးတစ်ယောက်ပါပဲ။

Photo Credit -Paing Takhon facebook

မနေ့ကဆိုရင်လည်း ပိုင်တံခွန်ဟာ Telenor က ကျင်းပပြုုလုပ်တဲ့ ပွဲလေးတစ်ခုကို အနုပညာရှင်များစွာနဲ့အတူ တက်ရောက်ခဲ့ပါတယ်။

ဒီပွဲလေးမှာတော့ ပိုင်တံခွန်ဟာ ပရိသတ်တွေများစွာနဲ့လည်း တွေ့ဆုံခဲ့သလို အခြားသောအနုညာရှင်တွေနဲ့လည်း game လေးတွေအတူဆော့ကစားခဲ့တာတွေ့ရပါတယ်။

Photo Credit -Paing Takhon facebook
Photo Credit -Paing Takhon facebook

၎င်းပွဲက ပုံလေးတွေကို ပိုင်တံခွန် သူ့ရဲ့ ဖေ့ဘွတ်အကောင့်မှာ တင်ပေးလာတဲ့ အခါမှာဆိုရင်လည်း သူ့ရဲ့ ဆွဲဆောင်မှုရှိလှတဲ့ အပြုံးလေးတွေက မိန်းကလေးပရိသတ်တွေရဲ့ နှလုံးသားကို ခြွေချနိုင်ခဲ့ပါတယ်။

ပရိသတ်တွေကိုယ်တိုင် ကြည့်ရှုနိုင်စေဖို့အတွက် ပိုင်တံခွန်တင်ပေးလာတဲ့ Telenor ပွဲကပုံလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

Source - Paing Takhon facebook 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။