လာမဲ့ပွဲစဉ်တွေအတွက်ကတော့ ရှမ်းယူနိုက်တက်ရဲ့ အသက် ၂၁ နှစ်အောက် လူငယ်အမှတ်ပေးပြိုင်ပွဲ ၂၀၂၀

အတွက် ရှမ်းယူနိုက်တက် ယူ ၂၁ အသင်းကလည်း အကောင်းဆုံးခြေစွမ်းတွေရရှိဖို့အတွက်စတင်လာပြီဖြစ်ပါတယ်။ရှမ်းယူနိုက်တက်အသင်းကလည်း ပွဲစဉ်ကတွက် လိုအပ်နေသော ကစားသမား ၁၂ ဦးကိုအောင်ဆုံး လေ့ကျင့် ပြင်ဆင်ထားတာဖြစ်ပါတယ်။

Photo Credit - Shan United FC
Photo Credit - Shan United FC
Photo Credit - Shan United FC

ရှမ်းယူနိုက်တက် အသက် ၂၁ အသင်းကိုတော့နည်းပြချုပ် ဦးကျော်ကျော်မင်တို့နဲ့ လက်ထောက် နည်းပြဦးကျော်ဝင်းနိုင်၊ ဂိုးနည်းပြ ဦးနေလှိုင်တို့ကတာဝန်ယူကိုင်တွယ်သွားမှာပါ။ ရှမ်းယူနိုက်တက်ရဲ့ အသင်း နည်းပြချုပ်ကလည်း "ပြီးခဲ့တဲ့နှစ်က အသက်မီသေးတဲ့ ပလေယာတွေ၊ယူ ၁၉ အသင်းက တက်လာတဲ့ ပလေယာတွေနဲ့ဆိုစုစုပေါင်း ၁၅ ယောက် ရှိပါတယ်။ ကျန်တဲ့ ၁၂ ယောက်စာကိုလူရွေးသွားမယ်ဖြစ်တဲ့အတွက် ရှမ်းပြည်ဘက်က လာရွေးခံတဲ့ကလေးတွေလည်း ပါပါတယ်။ တချို့ကလေးတွေအတော်လေး ကစားတတ်ပြီးဒါပေမဲ့ လူဟောင်းရော၊ လူသစ်တွေပါခြေစွမ်းပြနိုင်မှ အရွေးခံရမယ်" ဟုဦးကျော်ကျော်မင်းက လည်းဆိုထားသေးပါတယ်။

Photo Credit - Shan United FC
Photo Credit - Shan United FC

ရှမ်းယူနိုက်တက် ယူ ၂၁ အသင်းကလည်းပြီးခဲ့တဲ့ပွဲစဉ် ၂၀၁၉ ဘောလုံးရာသီကကျင်းပတဲ့အမှတ်ပေးပြိုင်ပွဲမှာလည်း ဒုတိယအဆင့်နဲ့ကျေနပ်ခဲ့ရပါတယ်။ ရှမ်းယူနိုက်တက်အသင်း ကတော့ လာမဲ့ရာသီပွဲစဉ်တွေမှာလည်း အကောင်းဆုံးခြေစွမ်းတွေရရှိဖို့အတွက် လေ့ကျင့်ပြင်ဆင်နေတဲ့ ပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit - Shan United FC

Source -Shan United FC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။