မြန်မာ့မျိုးဆက်သစ် ဘောလုံးသမားများပေါ်ထွက် လာစေရေးအတွက် ကျင်းပပြုလုပ်နေခဲ့တဲ့ MFF 100Plus Cup U-14 အမျိုးသား တိုင်းဒေသကြီးနှင့် ပြည်နယ် ဘောလုံးပြိုင်ပွဲ ကိုနိုဝင်ဘာ၂၆ရက်နေ့က MFF Artificial Turf မှာဆီမီးဖိုင်နယ်အဖြင့် ဒုတိယပွဲစဉ်မှာ မွန်အသင်းနဲ့ ကရင်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ပါတယ်။အဲ့ဒိပွဲမှာဆိုရင်တော့ ပရိသတ်တွေရဲ့ အကြိုက်တွေ့စေခဲ့တဲ့ ပွဲလေးတစ်ပွဲလည်းဖြစ်ခဲ့ပါတယ်။

Photo Credit -MFF
Photo Credit -MFF
Photo Credit -MFF

ဆီမီးဖိုင်နယ် ဒုတိယပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားတဲ့ မွန်အသင်းနဲ့ ကရင်အသင်းတို့ ပွဲစဉ်မှာတော့ ပွဲကစားချိန်အတွင်းမှာပဲ ၂ ဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့တာကြောင့် ပယ်နယ်တီအဆုံးအဖြတ်အဖြစ် ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ပါသေးတယ်။ ကရင်အသင်ကတော့ပယ်နယ်တီအဆုံးအဖြတ်တွင် ၅ လုံးစီ ကန်သွင်းခဲ့ပြီး တစ်သင်းကို ၂ ဂိုးစီသာ ဝင်ခဲ့တာဒါကြောင့်နောက်ထပ်ကန်သွင်းရာတွင်လည်း ကရင်အသင်းက ဂိုးရရှိခဲ့ပြီး မွန်အသင်းမှာတော့ ဂိုးမရရှိခဲ့တာကြောင့် ကရင်အသင်းက ဗိုလ်လုပွဲအဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။

Photo Credit -MFF
Photo Credit -MFF
Photo Credit -MFF

MFF 100Plus Cup U-14 အမျိုးသား တိုင်းဒေသကြီးနှင့် ပြည်နယ် ဘောလုံးပြိုင်ပွဲရဲ့ ဗိုလ်လုပွဲစဉ်ကိုတော့ နိုဝင်ဘာ၂၈ရက် MFF Artificial Turf မှာ မန္တလေးအသင်းနဲ့ ကရင်အသင်းတို့ ဗိုလ်လုပွဲကိုယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။မြန်မာဘောလုံး ဝါသနာရှင်တွေအတွက် မနေ့က ကစားခဲ့ကျတဲ့ မွန်အသင်းနဲ့ ကရင်အသင်း တို့ရဲ့ ပွဲစဉ် ပုံလေးတွေကို ပြန်လည် မျှဝေပေးလိုက်ပါတယ်။

Source - MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။