ပရိသတ်ကြီးရေ....ဒီတစ်ပါတ်မှာတော့ ကလေးငယ်တွေအတွက် စိုးရိမ်စရာ တစ်ခုလိုဖြစ်နေတဲ့ ပင့်ကူအမျိုးအစားနဲ့ ပတ်သက်ပြီး ဘယ်လိုကောင်မျိုးက အန္တရာယ်ရှိတယ်၊ မရှိဘူးဆိုတာကို ပုံရိပ်တွေနဲ့တကွ ဗဟုသုတရရှိအောင် စိတ်ဝင်စားဖွယ် ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ အနုပညာသတင်း၊ အားကစားသတင်း၊ ဗဟုသုတသတင်းစုံလင်ကို အချိန်နဲ့ တပြေးညီ တင်ဆက်ပေးနေတဲ့ ကျွန်ုပ်တို့ Myanmarload page ကို like and follow လုပ်ထားဖို့တော့ မမေ့ပါနဲ့ဦးနော်။

ကလေးဖြစ်ဖြစ်၊ လူကြီးဖြစ်ဖြစ် အနာဖြစ်တယ်၊ ဘာမှန်းမသိဘူး၊ ဘာနဲ့မှ ကုလို့မရဘူးဆိုရင် ပင့်ကူတွေကြောင့်ဖြစ်တာလား သိရှိရအောင် မြန်မာနိုင်ငံမှာ တွေ့ရတတ်တဲ့ ပင့်ကူတွေကိုပဲ ဦးစားပေးဖော်ပြပေးသွားမှာဖြစ်ပါတယ်။ ပုံ ၁နဲ့၂ မှာတွေ့ရတဲ့ "Brown window spider"၊ "Latrodectus elegans" ပင့်ကူအမျိုးအစားတွေက ဓါတ်ဆီဆိုင်တွေ လူနေအဆောက်အဦးတွေမှာ တွေ့ရတတ်ပြီး သူ့ရဲ့အဆိပ်မိရင် အာရုံကြောကို ထိခိုက်တတ်ပါတယ်။ အန္တရာယ် အလွန်များ တာမလို့ သူနဲ့မထိမိအောင် ဂရုစိုက်ကြရမှာဖြစ်ပါတယ်။

ပုံ ၃ က "Yellow Sac Spider" ပင့်ကူအမျိုးအစားကတော့ 15 မီလီမီတာ လောက်ရှိပြီး သူအဆိပ်မိရင် ၁၂ နာရီ အတွင်း အရမ်းနာကျင်နေပြီး တစ်ခါတစ်လေ ၁၀ ရက်လောက်အထိ ခံရပါတယ်။ အရမ်းအခြေအနေဆိုး လာရင် နေမကောင်းဖြစ်ပြီး သူကိုက်ထားတဲ့ နေရာပတ်ချာလည်က တစ်သျှူးတွေ ပုပ်သိုးသွားတတ်တာမလို့ သတိထားရမယ့်အထဲမှာ ပါပါတယ်။ ပုံ ၄ မှာဖော်ပြထားတဲ့ "Birth eating Spider" ( Haplopelma minax) ပင့်ကူကတော့ လူမနေတဲ့ အဆောက် အဦးတွေမှာ မြေကြီးတွေမှာ တွေ့ရတတ်ပြီး ၁၀ စင်တီမိတာလောက်ရှိကာ အဆိပ်မိရင် အလွန်နာကျင်ပေမယ့် သေတဲ့အထိတော့ မဖြစ်ပါဘူး။ ထိုကဲ့သို့ ပင့်ကူကောင်မျိုးတွေနဲ့ မတွေ့ရအောင် ပရိသတ်ကြီးအနေနဲ့ကော၊ ကလေးငယ်တွေကိုပါ ဂရုတစိုက်စောင့်ကြည့်ဖို့ လိုအပ်တာဖြစ်ပါတယ်။

Source သံ ဇဉ် မိုးဇတ်

photo credit သံ ဇဉ် မိုးဇတ် 

သတင်းယူရေးခွင့်ပေးတဲ့ "သံ ဇဉ် မိုးဇတ်"ကို ကျေးဇူးတင်ရှိပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။