ပရိသတ်ကြီးကို ဒီတစ်ပါတ်တင်ဆက်ပေးမှာကတော့ ကမ္ဘာတစ်ဝှမ်းရှိထူးခြားဆန်းပြားသော မွေးမြူရေးခြံများထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ သြစတြေလျနိုင်ငံမှာရှိတဲ့ "Crocodile Adventure Farm" မိကျောင်းခြံအကြောင်း စိတ်ဝင်စားဖွယ်ကောင်းအောင် ရေးသားဖော်ပြပေးသွားမှာဖြစ်ပါတယ်။ အနုပညာသတင်း၊ အားကစားသတင်း၊ ဗဟုသုတသတင်းစုံလင်ကို အချိန်န်နဲ့ တပြေးညီ တင်ဆက်ပေးနေတာမလို့ အမြဲ update ဖြစ်အောင် like and follow လုပ်ထားကြဖို့ မမေ့ပါနဲ့ဦးနော်။

photo credit pngtree

သြစတြေလျနိုင်ငံ၊ ကွင်းစ်လန်းတွင်ရှိသည့် "Hartley's" ဟာ့တ်လေ၏ မိကျောင်းခြံတွင် မိကျောင်းများနှင့် အတူ မွန်းလွဲပိုင်း တစ်ချိန်လုံး ပျော်ရှင်စွာနေနိုင်သည်ဟု ဆိုပါတယ်။ ဟာ့တ်လေ၏ မိကျောင်းခြံသည် စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ်ဆောင်ရွက်နေသည့် လုပ်ငန်းတစ်ခုဖြစ်သော်လည်း အများ ပြည်သူ ခရီးသွားများကို လာရောက်ခွင့်ပြုထားသဖြင့် လူသိများ ထင်ရှားလာခဲ့တာဖြစ်ပါတယ်။ တိရိစ္ဆာန်တွေထဲကမှ မိကျောင်းကို စိတ်ဝင်တစား အနီးကပ်ကြည့်ရှုချင် သူတွေအတွက်တော့ သွားရောက် လည်ပတ်ချင်စရာ ကောင်းတဲ့နေရာပဲဖြစ်ပါတယ်။ မိကျောင်း ကြောက်တတ်တဲ့ သူတွေအတွက်တော့ ကျောချမ်းစရာ နေရာကြီးလို့ဆိုရမှာပါ။

photo credit pngtree

မိကျောင်းခြံ ပိုင်ရှင်များက လူအများ လာရောက် လည်ပတ် ကြည့်ရှုကြခြင်းကိုနှစ်သက်ကြပါတယ်။ ဘာလို့လဲဆိုတော့ ပြည်သူလူထုတွေ သဘာ၀ ပတ်ဝန်းကျင် အသိပညာများ တိုးပွားစေသည်ဟု ယူဆထားလို့ပဲဖြစ်ပါတယ်။ "ဟာ့တ်လေ" မိကျောင်းခြံသည် စီးပွားရေးလုပ်ငန်းတစ်ခုနှင့် မတူဘဲ တိရိစ္ဆာန် ဥယျာဉ်တစ်ခုနှင့် ပိုတူနေတာကြောင့် လာရောက်လည့်ပတ် ကြည့်ရှုသူများအားလုံးကို ပိုမိုဆွဲဆောင်စေတာဖြစ်ပါတယ်။

Source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းယူရေးခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန" ကိုကျေးဇူးတင်ရှိပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။