"Line Walker 2" ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ပါဝင်ခွင့်ရခဲ့တဲ့ မော်ဒယ်လ်၊ သရုပ်ဆောင် မင်းသာချောလေး လင်းအောင်ခေတ်ကို သိကြမှာပါနော်။ အရပ်ထောင်ထောင်မောင်းမောင်းနဲ့ နေပုံထိုင်ပုံ smart ကျခန့်ညားတာကြောင့် နှုတ်ခမ်းနီမလေးတွေရဲ့ သည်းသည်းလှုပ် အားပေးမှုကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ လင်းအောင်ခေတ်က သူရဲ့ ဝါသနာတွေထဲကမှ တစ်ခုဖြစ်တဲ့ game ကစားရတာနှစ်သက်တာကို MLTV အင်တာဗျူးမှာ ဖြေကြားသွားခဲ့တာဖြစ်ပါတယ်။
gamer တစ်ယောက်ဖြစ်တဲ့ လင်းအောင်ခေတ်က ၃ တန်းလောက်ကတည်းက p1၊ p2 ကိုစဆော့ခဲ့တယ်လို့သိရပါတယ်။ ယခုလက်ရှိမှာတော့ လူငယ်တွေကြားမှာ ရေပန်းအစားဆုံး game ဖြစ်တဲ့ "Mobile Legend"ကို အဆော့များဆုံးလို့ သိရပါတယ်။ သူနှစ်သက်တဲ့ "ML" hero တွေကို ပြောပြသွားပြီး team အတွက် လိုအပ်သလို ကိုင်ပေးတယ်လို့လည်း ဆိုပါတယ်။ "ML" မဆော့ခင်က "Dota 2" ကို ဂိမ်းဆိုင်တွေမှာ သွားဆော့ဖြစ်ပြီး အနုပညာအလုပ်တွေနဲ့ မအားတော့တာကြောင့် ဖုန်းနဲ့ ဆော့ရတဲ့ ဂိမ်း "ML"ကိုပဲ အားထားပြီး အများဆုံးဆော့ဖြစ်တာလို့ ပြောကြားသွားခဲ့ပါတယ်။
"ဘယ်အရာမဆို တန်ဆေးလွန်ဘေးပေါ့၊ ကျွန်တော်တို့လည်း game စဆွဲပြီဆို မိုးလင်းပေါက်တွေဆော့တယ်၊ အဲ့လိုဆော့တာတွေ များလာရင် ကိုယ့်စိတ်ကိုယ် ပြန်ထိန်းရတာပေါ့၊ တစ်ရက်မှာ ကိုယ်ဆော့သင့် သလောက် ပွဲအရေအတွက်ကို ကန့်သတ်ထားပြီး (ဥပမာ ၂ ပွဲဆို၂ ပွဲ၊ ၃ ပွဲဆို ၃ပွဲ)၊ ကိုယ့်ကိုကိုယ် ပြန်ထိမ်းရတဲ့ အပိုင်းတွေတော့ရှိတာပေါ့၊ နောင်တရတယ်ဆိုတာတော့မရှိပါဘူး၊ game က ကျွန်တော်တို့အတွက် စိတ်ထွက်ပေါက်လို ဖြစ်နေတာပေါ့" အစရှိသဖြင့် gamer လူငယ်တွေကို မဖြစ်သင့်တာမဖြစ်ရအောင် အကျိုးသင့်အကြောင်းသင့် ရှင်းပြသွားပြီး၊ game အပေါ်ထားတဲ့ သူရဲ့ ခံယူချက်ကိုလည်း ပွင့်လင်းစွာ ပြောပြသွားခဲ့ပါတယ်။ ပရိသတ်တွေ ကြည့်ရှုခံစားဖို့အတွက် "လင်းအောင်ခေတ်" ဗီဒီယိုဖိုင်လေးကို မျှဝေပေးလိုက်ပါတယ်နော်။
Photo credit Lin Aung Khit's facebook
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။