MLTV ရဲ့“Cooking for You” အစီအစဉ်မှာ "MasterChef Myanmar (season 1)" Top 3 ဖြစ်တဲ့ မနီလာအောင်ဝင်းကို ဖိတ်ကြားခဲ့ပြီး တောင်ကြီးထမင်းသုပ် ပြုလုပ်ပုံ၊ ပြုလုပ်နည်းကို အစားတလိုင်း ပရိသတ်တွေ သုပ်စားလို့ရအောင် "က ကနေ အ" အထိ အစအဆုံး သေချာစွာ ရိုက်ကူးပြသပေးခဲ့တာ ဖြစ်ပါတယ်။ သူမက တောင်ကြီးထမင်းသုပ်လေးကို စေတနာပါပါနဲ့ သုပ်ထားတာမလို့ အမြင်နဲ့တင် သရေယိုပြီး စားချင်စဖွယ်ဖြစ်နေတာပါ။

တောင်ကြီးထမင်းသုပ်မှာ ပါဝင်တဲ့ ပါဝင်ပစ္စည်းလေးတွေနဲ့ သုပ်ပုံသုပ်နည်းလေးကို ပြောပြပေးသွားပါ့မယ်။ ပထမဦးဆုံး ဂျူးမြစ်နဲ့ ခရမ်းချဉ်သီးကိုထည့်ရမှာဖြစ်ပါတယ်။ ပြီးရင်တော့ ဂျုံမှုန့်ကို ထမင်းစားဇွန်းအပြည့် ထည့်ပါ။ အရသာလေးနက်မှုပေါ်မူတည်ပြီး ကြက်သားမှုန့်ကို လိုသလောက်ထည့်ပေါ့နော်။ မွှေးပြီးစားလို့ကောင်းအောင် မြေပဲလေးလည်း ထောင်းထည့်လိုက်ပါဦး။ ရေအနည်းငယ်ထည့်ပြီး နှံ့အောင် နယ်လိုက်ပါ။ ဒါဆိုရင် သုံးပုံ တစ်ပုံအောင် ပြီးစီးသွားပြီလို့ပြောလို့ရပါတယ်။

နောက်ထပ်အနေနဲ့ တောင်ကြီးထမင်းသုပ်နဲ့ လိုက်ဖက်အောင် ဂျူးမြစ်ကို ဆီအနည်းငယ်နဲ့ တန်ပူရာကြော်လေး ပြုလုပ်ရမှာဖြစ်ပါတယ်။ တောင်ကြီးထမင်းသုပ်ရဲ့ အဓိကပါဝင် ပစ္စည်းဖြစ်တဲ့ ရှမ်းပဲပုပ်ရဲ့ လျှို့ဝှက်ပြုလုပ်နည်းလေးကိုတော့ ဗီဒီယိုဖိုင်မှာ ရှုစားလိုက်ပါနော်။ နောက်အပါတ်တွေမှာလည်း အမျိုးမျိုးသော အရသာထူးခြားကောင်းမွန်တဲ့ ဟင်းမျိုးစုံရဲ့ ဗီဒီယိုတွေကိုကြည့်ရှုရင်း adminနဲ့အတူ လုပ်စားကြဖို့ အစားတလိုင်း ဘော်ဒါတွေကို ဖိတ်ခေါ်လိုက်ပါတယ်နော်...။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။