ဗဟုသုတအထွေထွေကို စိတ်ဝင်တစား ဖတ်ရှုကြတဲ့ စာဖတ်ပရိသတ်ကြီးရေ....ဒီတစ်ပါတ်မှာ ကျောချမ်းစရာကောင်းတဲ့ ကျွန်းတစ်ကျွန်းအကြောင်းနဲ့ မိတ်ဆက်ပေးပါရစေ။ အတ္တလန်တစ် သင်္ချိုင်းလို့လည်း ထင်ရှားတဲ့ ထိုကျွန်းကတော့ နိုဗာ စကိုရှာကမ်းခြေ မလှမ်းမကမ်းမှာတည်ရှိပါတယ်။ ကျွန်းရဲ့ အလျားက ၄၂ ကီလိုမီတာ ရှည်လျားပြီး ၁.၅ ကီလိုမီတာကျယ်ဝန်းပေမယ့်လည်း မြင်းရိုင်းအကောင် ၄၀၀ကျော်နဲ့ ဘင်္ဘောပျက် ၄၇၅စင်းသာ သောင်တင်နေတာ ဖြစ်ပါတယ်။ ကျွန်းကြီးရဲ့အမည်ကတော့ ဆေဗယ် ပဲဖြစ်ပါတယ်။

photo credit pngtree

ထိုကျွန်းပေါ်ကြီးမှာ လူသူမရှိပဲ ဘယ်လိုဖြစ်ပြီး မြင်ရိုင်းတွေနဲ့ သင်္ဘောပျက်တွေသာရှိနေရတာလည်း ဆိုတဲ့အချက်က ကမ္ဘာတစ်ဝှမ်းက သူတွေကို တအံ့တသြဖြစ်စေပြီး ဦးနှောက်ခြောက်စရာ မေးခွန်းတွေဖြစ်ခဲ့ပါတယ်။ မြင်ရိုင်းတွေက ဘေးပတ်ပတ်လည် ရေတွေဝိုင်းနေတဲ့ ပင်လယ်ပြင်ကြီးထဲမှာ အစားအစာနဲ့၊ သောက်ရေကို ဘယ်လိုရှာဖွေစာသောက်ပြီး နှစ်ပေါင်းများစွာ မပျောက်ကွယ်ပဲ ရှင်သန်မျိုးပွားနေလည်းဆိုတာကို သေချာစဉ်းစားကြည့်မယ်ဆိုရင် သွေးရိုးသားရိုးမဟုတ်ပဲ ကျောချမ်းစရာ ကိစ္စကြီးနော် ပရိသတ်ကြီး...။ သဘာဝလွန်အဖြစ်အပျက်တွေကြောင့်လား၊ ဒါမှမဟုတ် သူတို့ရဲ့ ကုသိုလ်ကံကြောင့်ပဲလား ဆိုတာအယူအဆတွေ အမျိုးမျိုးကွဲပြားခဲ့ကြပါတယ်။

photo credit pngtree

အချို့သောသူတွေရဲ့ ပြောပုံအရ လွန်ခဲ့သော နှစ်ပေါင်းများစွာက သင်္ဘောသားများ သင်္ဘောပျက်ပြီး ကျွန်းပေါ်မှာ မြင်းတွေနဲ့အတူ သောင်တင်ခဲ့ကြပါတယ်။ လူတွေ ဆုံးပါးသွားပေမယ့် မြင်းတွေကတော့ ကျွန်းပေါ်မှာ အသက်ရှင်၊ ပေါက်ပွားခဲ့ကြတာကို ယခုထိတိုင် မျက်ဝါးထင်ထင် တွေ့မြင်ကြရမှာဖြစ်ပါတယ်။ ကျွန်းပေါ်တွင် ဘာပင်မှမရှိဘဲ ပင်လယ်မြက်များကို ရှင်သန်စေသည့် မိုးရေသာရှိပါတယ်။ ဆေဗယ် ကျွန်းပေါ်တွင် ဘယ်သူမှ အခြေကျနေထိုင်ခြင်း မရှိသော်လည်း တစ်ခါတစ်ရံတွင် သင်္ဘောပျက်လို့ ရောက်လာကြသူများ၊ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ကျခံရသော တရားခံများ နှင့် ပင်လယ် ဓားမြများသာ တစ်ခါတစ်ရံ ရှိတတ်ပါတယ်။ သို့သော်လည်း ၂၀၁၃ ခုနှစ် ၊ ဇွန်လ ၂၀ ရက်တွင် ဆေဗယ်ကျွန်းသည် ကနေဒါနိုင်ငံ၏ ၄၃ ခုမြောက် အမျိုးသား ဥယျာဉ်ဖြစ် လာခဲ့ပါတော့တယ်။ ပရိသတ်ကြီးရေ.....နောင်လည်း adminနဲ့အတူ ထူးခြားအံ့သြဖို့ကောင်းပြီး ကြောက်မယ်ဖွယ် နေရာများကို အတူလေ့လာခံစားကြရအောင်နော်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းယူရေးခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန" ကိုကျေးဇူးတင်ရှိပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။