စာဖတ်ပရိသတ်၏တောင်းဆိုမှုကြောင့် အကြိမ်ကြိမ်ထုတ်ဝေခဲ့ရသော ကမ္မဖလဝတ္ထု ကတော့ မကြာခင်မှာပရိသတ်တွေရှေ့ကိုရုပ်ရှင်ဇာတ်ကားကြီးအဖြစ်ရောက်ရှိလာတော့မှာဖြစ်ပါတယ်။ဒီဇာတ်ကားကြီးမှာတော့ အကယ်ဒမီဆုရှင် ၅ယောက်နဲ့အတူ နာမည်ကျော်မင်းသား၊မင်းသမီးတွေလည်းပါဝင်ထားတာကြောင့်လည်း ဇာတ်ကားကြီးမထွက်ခင်ကပင်ပရိသတ်စိတ်ဝင်စားမှုများနေတာပါ။

Photo Credit:ကမၼဖလ
Photo Credit:ကမၼဖလ

ဒီဇာတ်ကားကြီးဟာ ခုတလောရုံတင်နေတဲ့ ဇာတ်ကားကြီးတွေနဲ့တော့မတူညီတဲ့ကွာခြားမှုများစွာပါဝင်နေတာဖြစ်ပါတယ်။ရှေးခေတ်အသွင်အပြင် ဝတ်စားဆင်ယင်မှုတွေနဲ့ ဇာတ်လမ်းကာရိုက်တာတွေက ပရိသတ်တွေကို စိတ်ဝင်စားဖွယ်ဖြစ်နေတာဖြစ်ပါတယ်။ဒီဇာတ်ကားထဲမှာပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသားမင်းသမီးတွေကလည်း ခါတိုင်းတွေ့နေတဲ့ ပုံစံတွေနဲ့မတူတာကြောင့် စိတ်ဝင်စားဖို့ကောင်းတဲ့ အိုက်တင်တွေကိုတွေ့ရမှာအမှန်ပါပဲ။

Photo Credit:ကမၼဖလ
Photo Credit:ကမၼဖလ

ဒီဇာတ်ကားကြီးထဲမှာထူးခြားပြီး ပရိသတ်တွေစိတ်ဝင်စားနေကြတာကတော့ ဆွေစဉ်မျိုးဆက်ချမ်းသာတဲ့သူဌေးကြီးရဲ့ သမီးတော်လေးနဲ့ နယ်လှည့်ကပြဖျော်ဖြေနေရတဲ့ ဇာတ်သမားတစ်ဦးတို့ရဲ့ဖူးစာ သူတို့နှစ်ဦးပေါင်းဖက်မှုကနေ လူ့လောကထဲရောက်လာတဲ့ မောင်ကံကောင်းလေးရဲ့ ကံကြမ္မာက ဘယ်လိုများဖြစ်လာမလဲ ဆိုတာကတော့ ရုံတင်တဲ့အခါဆက်ကြည့်ရတော့မှာဖြစ်ပါတယ်။အဆိုပါ ကမ္မဖလရုပ်ရှင်ဇာတ်ကားကြီးကိုတော့ လာမယ့်၂၀၂၀၊ဇန်နဝါရီ၊၂ရက်နေ့မှာ ရုံတင်ပြသတော့မှာဖြစ်တာကြောင့် စောင့်မျှော်အားပေးကြဖို့ဖိတ်ခေါ်လိုက်ပါတယ်။

Photo Credit:ကမၼဖလ
Photo Credit:ကမၼဖလ

SOURCE:ကမၼဖလ ရုပ္ရွင္ဇာတ္ကားျကီး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။