photo credit - ESL

TNC Predator အသင်းရဲ့ လက်ရှိ po 5 player (captain ) March ကတော့ Dota1 ခေတ်ထဲကကို တောင်ကိုရီးယားနိုင်ငံမှာ နာမည်ကြီးတဲ့ player တစ်ဦးပဲဖြစ်ပါတယ်။

Dota1 ခေတ်တုန်းကတော့ March ဟာ AzN နဲ့ Nirvana.int အသင်းတို့မှာ ကစားခဲ့ပြီး 2013 ခုနှစ် 3 လပိုင်းအရောက်မှာတော့ FXOpen e-Sports နဲ့အတူ Dota 2 pro scene ပေါ်ကိုဝင်ရောက်လာခဲ့ပါတယ်။

2013 ခုနှစ် 11 လပိုင်းအရောက်မှာတော့ March ဟာ For Our Utopia အသင်းကိုပြောင်းရွှေ့ခဲ့ပြီး ရက်ပိုင်းလေးပဲကစားကာ MVP Phoenix အသင်းကိုပြောင်းရွှေ့ခဲ့ပါတယ်။

MVP Phoenix အသင်းမှာတော့ March ဟာ 2013 ခုနှစ် 11 လပိုင်း 17 ရက်ကနေ 2016 ခုနှစ် 3 လပိုင်းထိကစားခဲ့ပြီးနောက် Dota 2 pro scene ပေါ်ကနေ ခနပြောက်ကွယ်သွားခဲ့ပါတယ်။

2018 ခုနှစ် 2 လပိုင်းမှာတော့ March ဟာ Echo international အသင်းရဲ့ coach အဖြစ်နဲ့ ပြန်လည်ထွက်ပေါ်လာခဲ့ပြီး 2018 ခုနှစ် 6 လပိုင်းမှာတော့ ၎င်းအသင်းကပြန်လည်ထွက်ခွာပြီး Wind and Rain အသင်းမှာ coach အဖြစ် တာဝန်ယူခဲ့ပါတယ်။

2018 ခုနှစ် 9 လပိုင်း 9 ရက်နေ့မှာတော့ March ဟာ marchoutofarmy အသင်းကို players အနေနဲ့ပြောင်းရွှေ့ခဲ့ပြီး ရက်ပိုင်းလေးပဲကစားပြီး J.Strom အသင်းကိုပြောင်းရွှေ့ခဲ့ပါတယ်။

J.Storm အသင်းမှာတော့ March ဟာ 2018 ခုနှစ် 9 လပိုင်း 27 ရက်ကနေ့ 2019 ခုနှစ် 5 လပိုင်းအကုန်အထိ ကစားခဲ့ပြီးနောက် ထွက်ခွာခဲ့ပါတယ်။

အဲ့ဒီနောက် 2019 ခုနှစ် 7 လပိုင်းမှာတော့ March ဟာ Fnatic အသင်းကို coach အနေနဲ့ပြောင်းရွှေ့ခဲ့ပြီး Ti 9 အပြီး 2019 ခုနှစ် 9 လပိုင်း 13 ရက်နေ့မှာ Fnatic ကနေထွက်ခွာခဲ့ပြီး TNC Predator အသင်းကိုပြောင်းရွှေ့ခဲ့ပါတယ်။

TNC Predator အသင်းကိုရောက်ရှိလာခဲ့ချိန်မှာတော့ March ဟာ captain တစ်ဦးပီပီ အသင်းသားတွေကို အကောင်းဆုံးဦးဆောင်နိုင်ခဲ့ပြီး 2019 – 2020 DPC season ရဲ့ အစောပိုင်း major နဲ့ minor ပွဲစဉ်တွေမှာ champion ဖြစ်အောင် စွမ်းဆောင်ပေးထားနိုင်သူတစ်ဦးပဲဖြစ်ပါတယ်။

အခုလည်း DreamLeague Season13 ကိုဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် qualified ဖြစ်ထားပြီဆိုတော့ ဒီမှာလည်း Champion ဆုကိုထပ်ရယူနိုင်ဦးမလားဆိုတာကတော့ စောင့်ကြည့်သွားရမှာပါပဲ။

source - Liquipedia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။