အနုပညာအလုပ်တွေကိုအားလပ်ချိန်မရှိလောက်အောင်ကို ကြိုးစားပမ်းစားလုပ်ကိုင်နေသူကတော့ ပြည်သူချစ်မင်းသမီးချောလေး ဝတ်မှုန်ရွှေရည်ပါ။ သူမရဲ့ချစ်စရာကောင်းတဲ့အပြုအမူလေးတွေကြောင့်လည်း ပရိသတ်တွေကချစ်ပြီးရင်း ချစ်နေရတာပါ။ ကာရိုက်တာပေါင်းစုံကိုပီပြင်အောင်သရုပ်ဆောင်မှုတို့ကြောင့် အကယ်ဒမီထူးချွန်ဆုတွေပါ ရရှိထားတာပါ။ 

Photo Credit- Wutt Hmone Shwe Yi’s Facebook Page
Photo Credit- Wutt Hmone Shwe Yi’s Facebook Page
Photo Credit- Wutt Hmone Shwe Yi’s Facebook Page

သူမကတော့အနုပညာအလုပ်တွေကိုလည်းမပြတ်တမ်းကြိုးစားနေတဲ့သူတစ်ယောက်ပါ။ ရုပ်ရှင်ဇာတ်ကားကြီးတွေများစွာလည်းရိုက်ကူးနေရပြီးသူ့ရဲ့ပီပြင်တဲ့ကာရိုက်တာတွေကြောင့်နိုင်ငံခြားဒါရိုက်တာတွေကတောင်ချီးကျူးခဲ့ရတာပါ ။ သူမရဲ့ ကြိုးစားမှုတွေကြောင့်ပဲသူ့ရဲ့ဇာတ်ကားကြီးတိုင်းကပရိသတ်အားပေးမှုအပြည့်နဲ့အောင်မြင်ပြီးနိုင်ငံတစ်ကာအထိတောင်ပြသခံရတာပါ။

Photo Credit- Wutt Hmone Shwe Yi’s Facebook Page
Photo Credit- Wutt Hmone Shwe Yi’s Facebook Page
Photo Credit- Wutt Hmone Shwe Yi’s Facebook Page

ရွှေကစ်ဟာ လတ်တလောမှာတော့ စင်ကာပူနိုင်ငံကိုရောက်ရှိနေတာပါ။ စင်ကာပူနိုင်ငံရဲ့ Asian Academy Creative Awardsဆုပေးပွဲကြီးကို ကလေးသရုပ်ဆောင် ပြည့်ပြည့်နဲ့အတူတက်ရောက်ခဲ့တာပါ။ ဒီဗီဒီယိုလေးကို ရွှေကစ်ရဲ့Instagram Stories မှာတင်ထားတာပဲဖြစ်ပြီး ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။

Source and Photo Credit- Wutt Hmone Shwe Yi’s Instagram Stories 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။