ပရိသတ်ကြီးရေ ဒီတစ်ပါတ်မှာတော့ "Mexico City" မက္ကဆီကို မြို့တော်ဟာ လေထုညစ်ညမ်းမှုနှုန်းပြဿနာနဲ့ နှစ်စဉ် ပုံမှန်ကြုံတွေ့နေရတဲ့ အကြောင်းကို ဗဟုသုတအနေနဲ့ သိရှိစေရန် ရည်ရွယ်ပြီး ရေးသား ဖော်ပြပေးသွားမှာပါ။ ယနေ့ခေတ် ကမ္ဘာကြီးတွင် နိုင်ငံတိုင်းလိုလို လေထုညစ်ညမ်းမှု ပြဿနာနဲ့ ရင်ဆိုင်ကြုံတွေ့နေရပြီး နှစ်စဉ် လူဦးရေ ၁ ဒသမ ၃ သန်းခန့် သေဆုံး နေရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ W.H.O ကထုတ်ပြန်ထားပါတယ်။ ဒါကြောင့်မလို့ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရန် ပြည်သူ၊ ပြည်သားတိုင်းမှာ တာဝန်ရှိပါတယ်နော်။

photo credit pngtree

၁၉၉၂ ခုနှစ်မှစပြီး မက္ကဆီကိုမြို့တော်တွင် နှစ်စဉ်၊ နှစ်တိုင်း လေထုညစ်ညမ်းမှုနှုန်းဟာ ပုံမှန်တိုးတက်နေခဲ့တာဖြစ်ပါတယ်။ ကမ္ဘာ့ ကုလသမဂ္ဂ အဖွဲ့က မက္ကဆီကိုနိုင်ငံကို ကမ္ဘာပေါ်တွင် လေထု အညစ်ညမ်းဆုံး မြို့ဆိုပြီး ခေါ်ဝေါ်ခဲ့ပါတယ်။ ထို့ကြောင့် မက္ကဆီကို အစိုးရက ဓာတ်ဆီချက်တဲ့ လုပ်ငန်းတွေကို စနစ်တကျ ပြန်လည်ပြင်ဆင်မှုတွေ၊ ယာဉ်မောင်းများကို အတတ်နိုင်ဆုံး မီးခိုးမထွက်စေရန် တင်းကျပ်စွာ တားမြစ်မှုနှင့် အချို့စက်ရုံတွေကို ပိတ်သိမ်းပစ်တာတို့၊ ပြောင်းရွှေ့စေတာကို ဆောင်ရွက်ပေးလျက်ရှိပါတယ်။ စာဖတ်ပရိသတ်ကြီးလည်း မိမိတိုင်းပြည် လေထုညစ်ညမ်းမှု ကင်းဝေးစေရန် မိမိ တက်နိုင်တဲ့ဘက်ကနေ ဝိုင်းဝန်းကူညီလုပ်ဆောင်ပေးကြရမှာပါနော်...။

photo credit pngtree

မက္ကဆီကို နှင့် အမေရိကန် တို့ရဲ့ နယ်စပ်မြို့လေးတစ်ခု ဖြစ်တဲ့ မက္ကဆီကာလီမြို့တွင်လည်း (PM 10) အဆင့်က "၁၃၇" မှာရှိနေပြီး မြို့နေပြည်သူများက လေထုညစ်ညမ်းမှု ဒဏ်ကို အများဆုံးခံစားနေကြရတာဖြစ်ပါတယ်။ မက္ကဆီကိုနိုင်ငံတွင် စက်မှု လုပ်ငန်းများ တိုးတက်လာမှုက သဘာဝပတ်ဝန်းကျင်နှင့် လေထုအရည်အသွေးကို ဆိုးဆိုးရွားရွား ထိခိုက်စေရုံသာမက နိုင်ငံချင်းဆက်စပ်နေတဲ့ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်ရှိ မြစ်ထဲသို့ စီးဝင်ကာ အညစ်ညမ်းဆုံး မြစ်တစ်ခုဖြစ်သွားစေခဲ့ပါတယ်။ နိုင်ငံတစ်ခု၏ လေထု၊ ရေထု ညစ်ညမ်းမှုဟာ အိမ်နီးနားချင်းနိုင်ငံတွေကိုပါ ထိခိုက်စေတာကို ထိုနိုင်ငံ နှစ်နိုင်ငံက သက်သေပြခဲ့တာဖြစ်ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းယူရေးခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန" ကိုကျေးဇူးတင်ရှိပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။