ချစ်ပရိသတ်ကြီးကို ဒီတစ်ခါမှာတော့ ထိတ်လန့်ဖွယ်အလွန်ကောင်းတဲ့ ခြောက်ခြားစရာနေရာတစ်နေရာနဲ့ မိတ်ဆက်ပေးပါရစေ။ ပဲရစ်မြို့လို့ ပြောလိုက်ရင် အရင်ဆုံး ပြေးမြင်မိမှာက "Eiffel Tower"ပဲဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ အဲ့တာဝါကြီးက ကမ္ဘာလှည့်ခရီးသွားတွေရဲ့ မျက်စိကျရာနေရာဖြစ်ပြီး လာရောက်လည်ပတ်သူ အများဆုံးရှိတာမလို့ဖြစ်ပါတယ်။ ဒါပေမယ့် နောက်ထပ်အထင်ကရ နေရာတစ်ခုကျန်ပါသေးတယ်။ ထိုနေရာကတော့ "Paris Catacombs" လို့အမည်ရပြီး အရိုးသင်္ချိုင်းပဲဖြစ်ပါတယ်။

Photo credit Once A Glance Page

ပဲရစ်မြို့မြေအောက်က ဝင်္ကပါ အရိုးသင်္ချိုင်း ( Paris catacombs ) ထဲကို ရောက်သွားတဲ့သူတိုင်းက ပြောကြတဲ့စကားတစ်ခွန်းက "အရမ်းကြောက်ဖို့ကောင်းတယ်တဲ့" နော်...။ ဘာလို့လဲဆိုတော့ များစွာသော အရိုးစုတွေက လူတွေရဲ့ စိတ်ကို ခြောက်ခြားစေပြီး နှလုံးရောဂါရှိတဲ့သူဆိုရင် မူးမေ့လဲသွားနိုင်လို့ပါ။ အချို့သူတွေက "ဘဝမှာ ဘယ်လောက်ပဲ ပျော်ခဲ့ ပျော်ခဲ့၊ ဝမ်းနည်းခဲ့ ဝမ်းနည်းခဲ့ အမှန်တရားကတော့ နောက်ဆုံးမှာ အရိုးတွေပဲ ကျန်ခဲ့တာပါဘဲ" ဆိုပြီး သံဝေဂရကြပါတယ်။

Photo credit Once A Glance Page

သင်္ချိုင်းရဲ့ အဝင်အဝမှာ သေခြင်းရဲ့နယ်ပယ်လို့ ရေးသားထားပါတယ်။ နောက်ပြီး ထိုဝင်္ကပါကြီးထဲမှာ တစ်ယောက်ချင်းသေဆုံးတာတွေ၊ အဖွဲ့လိုက် ပျောက်ဆုံးတာတွေ များလာတာကြောင့် အစိုးရအာဏာပိုင်တွေက တရားဝင်ခွင့်ပြုထားချင်းမရှိတော့ပါဘူး...။ ဒါပေမဲ့ထိတ်လန့်ခြောက်ခြား ထူးဆန်းမှုကို ခံစားချင်တဲ့ လူများကတော့ "paris catacomb" ကိုနည်းမျိုးစုံနဲ့ ဝင်ရောက်ဖို့ကြိုးစားနေကြပါတော့တယ်။ ဂမ္ဘီရ ပရလောကနဲ့ ပတ်သက်ပြီး စိတ်ဝင်စားကြတဲ့ ပရိသတ်တွေအတွက် မျှဝေတင်ဆက်ပေးလိုက်တာဖြစ်ပါတယ်။ နောင်လည်း ထူးဆန်းအံ့သြဖွယ်နေရာများကို admin နဲ့အတူ ကြည့်ရှုလေ့လာကြဖို့ ဖိတ်ခေါ်ပါတယ်နော်။

Source Once A Glance Page

Photo credit Once A Glance Page

Photo credit Once A Glance Page

သတင်း ယူရေးခွင့်ပေးတဲ့ "သံ ဇဉ် မိုးဇတ်"ကိုကျေးဇူးတင်ရှိပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။