ပရိသတ်ကြီးရေ.. သရုပ်ဆောင်မိုးအောင်ရင်ကို ရည်းစားဟောင်းဖြစ်သူက ကာမလိမ်လည်မှုဖြစ်တဲ့ ပုဒ်မ ၄၁၇ နဲ့ တရားစွဲဆိုထားတဲ့ ကိစ္စကတော့ လတ်တလော ပရိသတ်တွေနဲ့ လူမှုကွန်ယက်ကြား စိတ်ဝင်စား လူပြောအများဆုံးပဲ ဖြစ်ပါတယ်နော်..။

ရန်ကင်းတရားရုံးမှာ တရားစွဲဆိုခဲ့တဲ့ သတင်းတွေထွက်ရှိခဲ့ပြီး မိုးအောင်ရင်ရဲ့ ရည်းစားဟောင်း ခင်မြတ်နိုးကတော့ ပထမဆုံးရုံးချိန်းအနေနဲ့ ယနေ့ ဒီဇင်ဘာ(၆)ရက်နေ့မှာ မနက်ပိုင်းမှာတော့ တရားရုံးချိန်း တက်ရောက်ခဲ့ပါတယ်..။


Photo By Myanmarload
Photo By Myanmarload

လမ်းခွဲခဲ့တဲ့ အကြောင်းနဲ့ နာမည်ကြီးချင်လို့ တရားစွဲတာ မဟုတ်ဘဲ အမှန်တရားအတွက် တရားစွဲပါဆိုပြီး တရားစွဲဆိုရတဲ့ အကြောင်းအရင်းလေးတွေကို ခင်မြတ်နိုးက ပရိသတ်တွေကို ပြောပြလာခဲ့ပါတယ်..။

ချစ်သူသက်တမ်း(၄)နှစ်ကျော် လက်တွဲလာခဲ့ပြီး မိုးအောင်ရင် အချုပ်ကျပြီး ထောင်ကျတဲ့အချိန်ထိ သူမအနေနဲ့ အနားမှာ ရှိနေပေးခဲ့ကာ အကောင်းဆုံးကူညီခဲ့ပြီး အခုလို အမှုကိုမလုပ်ချင်ပေမယ့်လည်း မိန်းကလေးဖြစ်တဲ့အတွက် အမှန်တရားအတွက် လုပ်ရတာပါဆိုပြီးတော့လည်း ခင်မြတ်နိုးက ပြောပြထားပါတယ်နော်..။


Photo By Myanmarload
Photo By Myanmarload

တစ်ဖက်က ကိုယ့်ကို နစ်နာအောင် လုပ်ထားခဲ့တဲ့အတွက် ဘာမှ မလုံခြုံတော့ဘူး အိပ်ရင်တောင် အိပ်မပျော်သလို အိမ်ထဲက အိမ်ပြင်တောင် မထွက်ဖြစ်တော့ပဲ လောလောဆယ်မှာ စိတ်လည်း မလုံခြုံသလို လူလည်း မလုံခြုံဖြစ်ရတယ် အဆုံးထိရင်ဆိုင်သွားမှာပါ ဆိုပြီးတော့လည်း ပြောပြထားပါသေးတယ်..။

ဒီကနေ့ ရုံးချိန်းကိုတော့ မိုးအောင်ရင်ဘက်က ရောက်မလာခဲ့တဲ့အတွက် တရားရုံးက လာမယ့် ဒီဇင်ဘာ(၁၃)ရက်နေ့ (၁၀)နာရီ ရုံးချိန်းပြန်ချိန်းလိုက်တဲ့ အကြောင်းလေးတွေကို ပြောပြထားတဲ့ ခင်မြတ်နိုးရဲ့ ဗီဒီယိုဖိုင်ကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo By Myanmarload
Photo By Myanmarload

Photo By Myanmarload

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။