"Don't worry about that" ဆိုတဲ့စကားလေးကို အင်္ဂလိပ်ဇာတ်ကားတွေမှာ မကြာခဏကြားလေ့ရှိမှာပါ။ ထိုစကားရဲ့ အဓိပ္ပါယ်က ရုပ်ရှင်ကားထဲရဲ့ ဇာတ်ဝင်ခန်းမှာပဲ သက်ရောက်တာမဟုတ်ပဲ ကျွန်ုပ်တို့နေထိုင်ရာ အပြင်လောကကြီးမှာလည်း အကျိုးသက်ရောက်ပါတယ်။ ဘယ်ကိစ္စမဆို စိုးရိမ်သောက ဗျာပါဒတွေများပြီးလုပ်ခြင်းက အမှားတွေဗလပွနဲ့ အချိန်ကြာမြင့်နိုင်ပေမယ့် စိတ်အေးလက်အေးနဲ့ မှန်မှန်ကန်ကန် ပုံမှန်အတိုင်းလေးပဲ ပြုလုပ်မယ်ဆို သင့်အတွက် တစ်ကယ့်ကို "easy going"ပါပဲနော်။
"Worry"များတယ်ဆိုတာ ဥပမာပြောရရင် အလုပ်ခွင်မှာ သတ်မှတ်ထားတဲ့ "deadline" မရောက်ခင် တစ်ရက်အလိုမှာမှ အလုပ်တွေကပုံနေပြီး မပြီးနိုင်မစီးနိုင်နဲ့ ပူပန်သောကရောက်ရတာမျိုး၊ ကျောင်းတက်နေစဉ် ကာလတုန်းက သူငယ်ချင်းတွေနဲ့ ပျော်လိုက်ပါးလိုက်၊ ရည်းစားနဲ့ လျှောက်လည်လိုက် လုပ်နေတုန်းကတော့ အေးဆေးသာယာနေပြီး စာမေးပွဲလည်းဖြေရော one subject one night လုပ်ရမလိုလို၊ မိုက်ခရိုပဲ ပြေးဆွဲရတော့မလိုလိုနဲ့ စိုးရိမ်ကြောင့်ကြ ဒုက္ခရောက်ရတာကို ပြောတာပါ။
အဲ့လိုအခြေအနေမျိုးမှာ အကယ်၍ သင့်သာရောက်နေခဲ့မယ်ဆိုရင် မျက်လုံးထဲမြင်ကြည့်လိုက်ပါ။ ဘယ်လိုလုပ်ပြီး ဝတ်ကောင်း၊ စားလှတွေနဲ့ ကျော့ကျော့မော့မော့ နေနိုင်ပါ့ဦးမလဲ။ တစ်ကယ်လို့ နေနိုင်တယ်ပဲထားပါဦး သင့်ရဲ့ စိုးရိမ်ကြောင့်ကြနေတဲ့ စိတ်ကတော့ မေ့ဖျောက်ပစ်လို့ ရမှာမဟုတ်ပါဘူး။ Worry မများချင်ရင်တော့ အလွယ်လေးပါ။ worry များစေတဲ့ ကိစ္စတွေကို ကိုယ်နဲ့ အတတ်နိုင်ဆုံးရှောင်နိုင်သမျှ ရှောင်ရမှာဖြစ်ပါတယ်။ ဥပမာ- အပေါ်ကပြောခဲ့တဲ့ အတိုင်း အလုပ်ဖြစ်ဖြစ်၊ ကျောင်းစာဖြစ်ဖြစ် schedule ဆွဲပြီး ပုံမှန်အတိုင်းလေးပဲ မှန်ကန်စွာ ဆောင်ရွက်သွားပါ။ အချိန်တန်ရင် သူ့ဘာနဲ့သူပြီးသွားပါလိမ့်မယ်။ အဲ့လိုရှောင်နေရဲ့သားနဲ့ Worry ဖြစ်စေတဲ့ ပြဿနာတွေ၊ ဒုက္ခတွေက ကိုယ့်ဆီတည့်တည့်မတ်မတ် ရောက်လာရင်လည်း "All is Well"ဆိုတဲ့စကားလေးကို စိတ်ထဲကနေပြောကာ ရင်ဘက် ဘယ်ဖက်ခြမ်းကို လက်ကလေးနဲ့ ပုတ်ရင်း Smart ကျကျ ဖြေရှင်းနိုင်ကြပါစေနော်။
photo credit pngtree
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။