ပရိတ်သတ်တွေရဲ့ အချစ်တော် မင်းသမီးချောလေး ဝတ်မှုန်ရွှေရည်တစ်ယောက်ကတော့ စင်ကာပူနိုင်ငံကို ရောက်ရှိနေတာပါ။ ကဒသူမဟာ သရုပ်ဆောင်ပိုင်းတွင် ကျွမ်းကျင်ပိုင်နိုင်သူ တစ်ယောက်ဖြစ်သလို ပရိတ်သတ်တွေရဲ့ချစ်ခြင်းများစွာကို ရရှိပိုင်ဆိုင်ထားတဲ့ ထိပ်တန်းမင်းသမီးချောလေးပါ။ 

Photo Credit- Wutt Hmone Shwe Yi’s Instagram
Photo Credit- Wutt Hmone Shwe Yi’s Instagram
Photo Credit- Wutt Hmone Shwe Yi’s Instagram

လက်ရှိမှာလည်း ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကို လက်မလည်အောင်ရိုက်ကူးနေရတာပါ။ ဒါ့အပြင် ပွဲအခမ်းအနားများစွာကိုလည်း တက်ရောက်နေရတာပါ။ သူမရဲ့ဖက်ရှင်များဟာလည်း မိန်းကလေးပရိတ်သတ်များသာမက ယောက်ကျားလေးပရိသတ်များပါ လည်ပြန်ငေးမောရလောက်အောင် လှရက်နိုင်တာပါ။

အခုမှာတော့ စင်ကာပူနိုင်ငံရဲ့ Asian Academy Creative Awardsဆုပေးပွဲကြီးကို ကလေးသရုပ်ဆောင် ပြည့်ပြည့်နဲ့အတူတက်ရောက်ခဲ့တာပါ။ ကိုယ့်ကိုကိုယ်ယုံကြည်မှုအပြည့်ရှိတဲ့ ခြေလှမ်းတွေနဲ့ လျှောက်လှမ်းလာပြီး နိုင်ငံတကာအလယ်မှာ ထင်ရှားပေါ်လွင်နေတာပါ။ ဒီဗီဒီယိုလေးကို ရွှေကစ်ရဲ့Instagram Stories မှာတင်ထားတာပဲဖြစ်ပြီး ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။

Source and Photo Credit- Wutt Hmone Shwe Yi’s Instagram Stories 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။