ပရိသတ်ကြီးရေ ဒီတစ်ပါတ်မှာတော့ နီပေါနိုင်ငံတွင် ငလျင်ဒဏ်ကြောင့် အသက်အိုးအိမ်ပေါင်း များစွာ နှင့် အဆောက်အအုံပေါင်းများစွာ ပျက်စီးဆုံးရှုံးခဲ့ရတဲ့အကြောင်းကို ဗဟုသုတဖြစ်ဖွယ် ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ ငလျင်ဒဏ်ကြောင့် နီပေါ နိုင်ငံတွင် လူပေါင်း ၈၀၄၆ ယောက် သေဆုံးခဲ့ကာ ၁၇၈၀၀ ဦးကျော် ဒဏ်ရာရရှိခဲ့ဖြစ်ပြီး လေးသိန်း ငါးသောင်းကျော်လောက်က အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။

photo credit pngtree

အိန္ဒိယနိုင်ငံ တွင် လူ ၇၈ ဦး၊ တရုတ်နိုင်ငံ တွင် လူ ၂၅ ဦး၊ ဘင်္ဂလားဒေ့ရှ်တွင် လူ ၄ ဦး သေဆုံးခဲ့ပါတယ်။ ငလျင်လှုပ်ချိန် တွင် နီပေါနိုင်ငံတွင် နိုင်ငံခြားသားများ နှစ်သောင်း ကျော်ရှိနေခဲ့ရာ ၈၁ဦး ကွယ်လွန်ခဲ့ပါတယ်။ ငလျင်ဒဏ်ကြောင့် ပြိုကျကုန်သော အဆောက်အဦများအောက်တွင် အသက် ရှင်နေသူများ ကျန်ရှိနေခဲ့ပါတယ်။ ငလျင်လှုပ်ချိန်တွင် ကျောင်းများ၊ ရုံးများ ပိတ်ထားသဖြင့် တစ်နေရာတည်းတွင် လူများစုဝေးနေမိခြင်းမရှိကာ လူအသေအပျောက် နည်းခဲ့ပါတယ်။

photo credit pngtree

ထောင် ပေါင်းများစွာသော အဆောက်အဦးများသည် ပြိုကျ ပျက်စီးခဲ့ပါတယ်။ မသေ မပျောက် ကျန်နေသူများအတွက် ရွက်ဖျင်တဲပေါင်း တစ်သိန်း ငါးသောင်းကျော် လိုအပ်ခဲ့ပါတယ်။လူဦးရေ ၃၂ သန်းရှိသော နီပေါ နိုင်ငံ တွင် ခရိုင် ၃၉ ခုအတွင်း လူပေါင်း ရှစ်သန်းခန့်က ငလျင် ဘေးဒုက္ခကို ခံစားခဲ့ကြရပါတယ်။ လူပေါင်း ၁ ဒသမ ၇ သန်းအတွက် စားနပ် ရိက္ခာများ လိုအပ်ခဲ့ပါတယ်။ ကလေးငယ် တစ်သန်းအတွက် အရေးပေါ် အကူအညီ များတောင်းခံခဲ့တာ ဖြစ်ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်း ယူရေးခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန" ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။