ဖိလစ်ပိုင်နိုင်ငံကကျင်းပလျက်ရှိသောအကြိမ် ၃၀မြောက် ၂၀၁၉ ဆီး ဂိမ်းစ်ပြိုင်ပွဲမှာ မြန်မာ ယူ - ၂၂ အသင်း ကတော့ အင်ဒိုနီးရှားအသင်း နဲ့ ဆီမီးဖိုင်နယ် အဆင့် ပွဲစဉ်ကို ယနေ့ယှဉ်ပြိုင်ကစားရာမှာ အင်ဒိုနီးရှား အသင်းက မြန်မာအသင်းကို (၄- ၂) ဂိုးဖြစ် အနိုင်ယူပြီး ဗိုလ်လုပွဲကိုတက်ရောက်သွားပြီလည်းဖြစ်ပါတယ်။ ပွဲချိန်ပထမပိုင်းမှာနစ်ဖက် အသင်းကတော့ အပြန်အလှန် တိုက်စစ်ဆင်ကစားထားပြီး ဂိုးမရရှိဘဲ ဒုတိယပိုင်း မှာ အင်ဒိုနီးရှားအသင်းကိုအဖွင့်ဂိုးကိုစတင်ပေးလိုက်ရတာပဲဖြစ်ပါတယ်။

Photo Credit - MFF
Photo. Credit. - MFF

အင်ဒိုနီးရှား အသင်းက ၂ ဂိုးဖြစ် ဦးဆောင်နေပြီး ပွဲချိန် မိနစ် ၇၀ ကျော်မှာတော့ မြန်မာအသင်းက ၂ဂိုးဇာတ်တိုက်ရရှိခဲ့ပါတယ်။ ပွဲချိန်မိနစ် ၉ဝ ပြည့်တဲ့အထိကိုတော့သရေ ကစားထားနိုင်ခဲ့ပြီး နောက်ထပ် အချိန်ပို မိနစ် ၃၀ ယှဉ်ပြိုင်ကစားချိန်မှာ အင်ဒိုနီးရှား အသင်းကတိုက်စစ်ဆင်ကစားရာမှာတော့ ခြေပဂိုး ၂ ဂိုးကို ပေးလိုက်ရတာလည်းဖြစ်ပါတယ်။

Photo Credit. - MFF
Photo Credit - MFF

အင်ဒိုနီးရှား အသင်းကတော့ မြန်မာအသင်းကို ပွဲချိန် ပြီးဆုံးချိန်အထိဇာတ်တိုက်ဖိအားပေး တိုက်စစ်ဆင်ကစားထားတာလည်းဖြစ်ပါတယ်။ မြန်မာအသင်းကတော့အကောင်းဆုံး ကစားထားပေမဲ့လည်း ဗိုလ်လုပွဲ နဲ့ လွဲချော်ခဲ့ရပါတယ်။ ကဲ့ ပရိသတ်ကြီးရေ မြန်မာအသင်း ရဲ့ပွဲစဉ်ကိုတင်ပြရင်း အားပေးစကားလေး ပြောလိုက်ပါအုန်းနော်......။

Source - Myanmar Football Federation 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။