ပရိသတ်ကြီးရေ.. အနုပညာလောကမှာ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိထားကြတဲ့ အနုပညာရှင်မျိုးဆက်သစ်လေးတွေထဲမှာ အကယ်ဒမီဝါဝါ၀င်းရွှေရဲ့ မြေးချောလေးတွေကလည်း အပါအဝင်ပါပဲ..။

ချစ်စရာကောင်းတဲ့ မြေးချောလေးတွေဖြစ်ကြသလို ယောကျ်ားလေးပရိသတ်တွေရဲ့ တခဲနက်အားပေးချစ်ခင်မှုတွေကို အများဆုံးရရှိထားကြပြီး မိန်းကလေးပရိသတ်တွေကပါ ချစ်ခင်ကြတာပါတယ်နော်..။


Photo Credit - Zin Yaw Mg Mg’s Facebook
Photo By Myanmarload

မြေးမလေးနှစ်ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ ဝါရွှေနွယ်သွေးဝင်းကလည်း အနုပညာဝါသနာပါပြီး သရုပ်ဆောင်ဆက်လုပ်ချင်တဲ့အကြောင်းလေးနဲ့ ကြိုက်နှစ်သက်တာလေးတွေကို ပြောပြလာခဲ့ပါတယ်နော်..။

ပညာရေးနဲ့ဆက်ပြီး ဖြစ်ချင်တဲ့ ဆန္ဒလေးကတော့ စာရေးဆရာမ ဖြစ်ချင်ပြီး အားတဲ့အချိန်လေးတွေမှာ စာအုပ်တွေဖတ်ဖြစ်သလို ကဗျာတွေရေးရတာ ကြိုက်နှစ်သက်ကာ အချစ်ဇာတ်လမ်းတွေလည်း ကြိုက်တယ်ဆိုပြီး ပြောပြထားတာ ဖြစ်ပါတယ်..။


Photo Credit

ဝါရွှေနွယ်သွေးဝင်းဟာ “ရှင်ဥပဂုတ္တမထေရ်မြတ်ကြီး” ရုပ်ရှင်ဇာတ်ကားမှာလည်း ငယ်ဘဝနေရာကနေ ပါဝင်သရုပ်ဆောင်ထားသလို ရုပ်ရှင်စရိုက်တော့ စိတ်တွေအရမ်းလှုပ်ရှားပြီး ဖွားဖွား(ဒေါ်ဝါဝါ၀င်းရွှေ)က ဘယ်လိုလုပ်ရမယ်ဆိုတာ အကုန်သင်ပေးတဲ့ အကြောင်းလေးတွေကိုလည်း ပြောပြထားပါသေးတယ်..။

ပရိသတ်တွေအခုလို အားပေးချစ်ခင်ကြတာကိုလည်း “တော်တော်ပျော်ပါတယ် အဲ့လောက်လူတွေသိလာမယ်လို့ မထင်ထားဘူး သရုပ်ဆောင်ဆက်လုပ်ချင်ပါတယ် မိဘတွေကလည်း ခွင့်ပြုပါတယ် ဖွားဖွားကလည်း မင်းသမီးဖြစ်စေချင်တယ် အရမ်းချစ်ပေးပါလို့ မှားတာရှိရင်လည်း တောင်းပန်ပါတယ်လို့..” ဆိုပြီး ပြောပြထားတဲ့ ဝါရွှေနွယ်သွေးဝင်းရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။


Photo By Myanmarload

Photo By Myanmarload

Photo Credit - Zin Yaw Mg Mg’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။