ပရိသတ်ကြီးရေ.. လတ်တလောမှာ ပရိသတ်တွေရဲ့ စိတ်ဝင်စား အားပေးချစ်ခင်မှုတွေ အများဆုံးရရှိထားကြတဲ့ အနုပညာရှင်မျိုးဆက်သစ်လေးတွေထဲမှာ ဝါရင့်သရုပ်ဆောင် အကယ်ဒမီဝါဝါ၀င်းရွှေရဲ့ မြေးချောလေးတွေပဲ ဖြစ်ပါတယ်နော်..။

ချစ်စရာကောင်းလွန်းတဲ့ ဟန်ပန်လေးတွေနဲ့ ပရိသတ်တွေရဲ့ အသည်းတွေကို ချွေယူထားကြတဲ့ ဝါဝါ၀င်းရွှေရဲ့ မြေးချောလေးတွေဖြစ်တဲ့ ဝါရွှေနွယ်သွေးဝင်းနဲ့ ဝင့်ဝါပန်းမြတ်သူတို့ကတော့ ယောကျ်ားလေးပရိသတ် မိန်းကလေးပရိသတ်မရွေး အားလုံးကချစ်ခင်ကြပါတယ်နော်..။


Photo Credit – Zin Yaw Mg Mg's Facebook

ပရိသတ်တွေရဲ့အချစ်တော်လေး ဝင့်ဝါပန်းမြတ်သူလေးကတော့ လတ်တလောမှာ ဆယ်တန်းတက်နေပြီး ကျောင်းပြီးသွားရင်တော့ စင်္ကာပူ မဟုတ်ရင် ဂျပန်သွားဖို့ စီစဉ်ထားသလို ငယ်ငယ်လေးကတည်း ရှေ့နေဖြစ်ချင်တာပါဆိုပြီးတော့ သူမရဲ့ဆန္ဒလေးကို ပြောပြလာပါတယ်နော်..။

ငယ်ငယ်ကတည်းက ရှေ့နေဖြစ်တဲ့ သူမကတော့ Law School တက်ချင်ပြီး စန္ဒယားကိုတော့ (၁၁)နှစ် (၁၂)နှစ်လောက်ကတည်းက စသင်ထားတာဖြစ်ပြီး မိဘတွေကတော့ သူမဖြစ်ချင်တာ ခွင့်ပြုပြီး အကုန်လုံးကို ပံ့ပိုးပေးပါတဲ့ အကြောင်းလေးတွေကိုလည်း ပြောပြထားပါတယ်..။


Photo By Myanmarload
Photo By Myanmarload

ချစ်စရာကောင်းလွန်းတဲ့ မြေးချောလေး ဝင့်ဝါပန်းမြတ်သူလေးဟာ ဝါဝါ၀င်းရွှေရဲ့ ငယ်ငယ်ကနဲ့ တူလွန်းတာမို့ ဝါဝါ၀င်းရွှေရဲ့ ကိုယ်ပွားလေးဆိုပြီးတော့လည်း ပရိသတ်တွေက ချစ်စနိုးခေါ်ကြပြီး ယူရီရုပ်ရှင်ဇာတ်ကားကြီးမှာလည်း အငယ်ခန်းမှာ ပါဝင်သရုပ်ဆောင်ထားပါသေးတယ်နော်..။

ပရိသတ်တွေအရမ်းအားပေးကြတာကိုလည်း အရမ်း Surprise ဖြစ်ရပြီး ဒီလောက်အားပေးတဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ်ဆိုပြီး ပြောပြထားတဲ့ ဝါဝါ၀င်းရွှေရဲ့ ချစ်စရာကောင်းတဲ့ မြေးချောလေး ဝင့်ဝါပန်းမြတ်သူလေးရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။


Photo By Myanmarload
Photo By Myanmarload

Photo By Myanmarload

Photo Credit – Zin Yaw Mg Mg's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။