ပရိသတ်ကြီးရေ....ဒီတစ်ပါတ်မှာတော့ မက္ကဆီကိုမြို့တော်အနီး ဇိုချီမိကို တူးမြောင်းအနီးတွင် လူသိများသည့် "La Isla de las Munecas" အစွန့်ပစ်ခံ အရုပ်ကျွန်းအကြောင်းကို စိတ်ဝင်စားဖွယ်ဖြစ်အောင် ရေးသားဖော်ပြပေးသွားမှာပါ။ စိတ်ခြောက်ခြားဖွယ်ကောင်းလွန်းတဲ့ အရုပ်ကျွန်းဘယ်လိုဖြစ်လာရလဲ ဆိုတာကို အသေးစိတ်ပြောပြပေးသွားပါ့မယ်နော်။ ထိုကျွန်းပေါ်တွင် ဇိုချီမိကို တူးမြောင်းအတွင်း ထူးဆန်းစွာသေဆုံးခဲ့သော မိန်းကလေးငယ်တစ်ယောက်ကို ရည်စူးဖွင့်လှစ် ထားသော ဘုရားဝတ်ပြုကျောင်းတစ်ခု ရှိပါတယ်။


Photo credit pngtree

၁၉၅၀ ပြည့်နှစ်ဝန်းကျင်က ထိုကျွန်းတွင်နေထိုင်ခဲ့သူ ဒွန်ဂျူလီယံဆိုသူက မက္ကဆီကိုမြို့တော် လမ်းများပေါ်တွင် ထာဝရ ဘုရားရှင်၏ စကားတော်များ ဝေငှသည်ဟုဆိုကာ လိုက်လံဟောပြောခဲ့ပါတယ်။ အဲ့ကာလတုန်းက ဘာသာရေးအယူဝါဒ ထုံးတမ်းများအရ ဆီများဖြင့် သုတ်လိမ်းကာ ဘိသိက်မြှောက်ခံထားရသူများသာ ဘုရားစကားကိုဟောပြောနိုင်တယ်ဟု ယူဆကြသဖြင့် ဒွန်ဂျူလီယံ အား ကြိမ်ဖန်များစွာ ဝိုင်းဝန်းရိုက်နှက်ခဲ့ကြပြီး မကောင်းဆိုးဝါးများထွက်သွားစေရန်ဟုဆိုကာ သူ၏ ခန္ဓာကိုယ်အား အရုပ် ဖုန်ခြစ်တံဖြင့် ခြစ်ပေးခဲ့ကြပါတယ်။

Photo credit pngtree

အဲ့ဒီအချိန်မှစ၍ သူ့၏ ဇနီးနှင့် သားသမီးများကို စွန့်ပစ်ကာ ကျွန်းတွင်အနှစ် ငါးဆယ်ကျော်သွားရောက် နေထိုင်ခဲ့ပါတယ်။ ဒွန်ဂျူလီယံက ဇိုချီမိကို တူးမြောင်းအတွင်း မိန်းကလေးငယ် ရေနစ်သေတာကို သက်သေမပြနိုင်ခဲ့သော်လည်း မကောင်းဆိုးဝါးများကို ထိန်းသိမ်းထားနိုင်ရန် အရုပ်များကို စုဆောင်းချိတ်ဆွဲ ထားခဲ့တာဟု ဆိုပါတယ်။ ဒွန်ဂျူလီယံ ကွယ်လွန် ပြီးနောက် သူ၏ သားဖြစ်သူက ဖခင်ဖြစ်သူ စုဆောင်းထားခဲ့သော အရုပ်များကို ထိန်းသိမ်းကာ ကျွန်းသို့ လာရောက် လည်ပတ်ကြသော ကမ္ဘာလှည့် ခရီးသွားများကို ပြသပေးလျက်ရှိပါတယ်။

Source မောင် သာ ရှေးဟောင်းသုတေသန

Photo credit pngtree

Photo credit pngtree

သတင်းယူရေးခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန" ကိုကျေးဇူးတင်ရှိပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။