ပရိသတ်ကြီးရေ...ဒီတစ်ပါတ်မှာတော့ ဖို့ဒ်မော်တော်ကား ကုမ္ပဏီကို ပထမဦးဆုံးတည်ထောင်ခဲ့သူ ဟင်နရီဖို့ဒ် "Henry Ford"ဆိုသူက အမေရိကန်နိုင်ငံတွင် အချမ်းသာဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်လာခဲ့ပါတယ်။ အမေရိကန် နိုင်ငံထုတ် ဖို့ဒ်မော်တော်ကားများကို ကမ္ဘာအနှံ့ နိုင်ငံများတွင် မောင်းနှင်သုံးစွဲနေကြသလို ဖို့ဒ်မော်တော်ကား ကုမ္ပဏီ၏ ဖခင်ကြီး ဟင်နရီဖို့ဒ်ဆိုတဲ့ အမည်ကိုလည်း လူတိုင်းနီးပါး ကြားဖူးကြပါလိမ့်မယ်။

photo credit pngtree

ဟင်နရီ ဖို့ဒ်ဟာ ဖို့ဒ် မော် တော်ကားကုမ္ပဏီကို စတင်ထူထောင်ခဲ့တဲ့ စက်မှုလုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး မော်တော်ကားများ အစီးရေ အများအပြားထုတ် လုပ်နိုင်ရန် စက်ရုံအတွင်း အတန်းလိုက် တပ်ဆင်သည့် စနစ်ကို တီထွင်ခဲ့သူလည်း ဖြစ်ပါတယ်။ ဟင်နရီဖို့ဒ်ဟာ မော်တော်ကားကို တီထွင်ခဲ့သူ မဟုတ်သော်လည်း အမေရိကန်နိုင်ငံတွင် လူလတ်တန်းစားများ ဝယ်ယူသုံးစွဲနိုင်တဲ့ မော်တော်ကားများကို စတင်ထုတ်လုပ်နိုင်ခဲ့သူတစ်ဦး ဖြစ်ပါတယ်။

photo credit pngtree

အမေရိကန်နိုင်ငံတွင် မော်တော်ကားများအား ဈေးနှုန်းမြင့်မားသော ထူးခြားသည့် ဇိမ်ခံ ပစ္စည်းတစ်ခုအဖြစ်မှ ၂၀ ရာစုခေတ် လူလတ်တန်းစားမရွေး အသုံးပြုနိုင်သော မြင်ကွင်းတစ်ခုအဖြစ် ပြောင်းလဲပေးခဲ့သူ ဖြစ်ပါတယ်။ ဟင်နရီဖို့ဒ် ထုတ်လုပ်ခဲ့သော တီ မော်ဒယ် အမျိုးအစားဟာ အမေရိကန် နိုင်ငံ၏ သယ်ယူပို့ဆောင်ရေးစနစ် နှင့် စက်မှုလုပ်ငန်းတို့၏ တော်လှန်ရေး တစ်ရပ်ဖြစ်ခဲ့ပါတယ်။ ဟင်နရီဖို့ဒ်ဟာ ဖို့ဒ်ကားကုမ္ပဏီ ပိုင်ရှင်ဖြစ်လာပြီး နောက်ပိုင်းတွင် အမေရိကန်နိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်တစ်ဦးအဖြစ် ကမ္ဘာအနှံ့ထင်ရှားကျော်ကြားခဲ့ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းယူရေးခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။