ပရိသတ်ကြီးရေ...ဒီတစ်ပါတ်မှာတော့ ဥရောပတိုက်ရှိ လေထုအညစ်ညမ်းဆုံးမြို့ထဲတွင် ပါဝင်နေတဲ့ ဆာရာရေဗိုမြို့အကြောင်းကို ဗဟုသုတဖြစ်ဖွယ် ရေးသွားတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ချုပ်က လေထုအတွင်း မျောပါနေသော ၁၀ မိုက်ခရိုမီတာ အောက်သေးငယ်သော အမှုန်များဖြစ်တဲ့ (PM 10) ကို တိုင်းတာတဲ့ စစ်တမ်းများအရ ကမ္ဘာပေါ်တွင် မီးခိုးမြူများ အထူထပ်ဆုံးဒေသများသည် အရှေ့ အလယ် ပိုင်းနှင့် အာရှ ဒေသများဖြစ်ကြပြီး ဥရောပတိုက်ရှိ ဆာရာရေဗိုမြို့ဟာလည်း လေထုတိုင်းတာတဲ့ သတ်မှတ်ချက်အရ (PM 10)အဆင့် (၁၁၀) ရှိပြီး အာရပ်စော်ဘွားများရဲ့ ပြည်ထောင်စုမြို့တော် အဘူဒါဘီနဲ့ အတူတူဖြစ်ပါတယ်။

Photo credit pngtree

ဆာရာရေဗိုဟာ ဘော့စ်နီးယား၊ ဟာဇီဂိုဗီးနားတို့ ၏ မြို့တော်ဖြစ်ပါတယ်။ လေထုညစ်ညမ်းသော မြို့များဟာ ထုံးစံအတိုင်း ကားမီးခိုးများ၊ ကျောက်မီးသွေး လောင်စာသုံး စက်ရုံများမှ ထွက်ရှိသော မီးခိုးမြူများကြောင့်လို့ အများဆုံးပြောလို့ရပါတယ်။ ထိုမီးခိုးမြူများကို နေ့စဉ်ရှူရှိုက်နေရတဲ့ အတွက်ကြောင့် ပန်းနာရင်ကျပ်အစရှိတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများအပြင် မျက်စိနာခြင်း စတာတွေကိုလည်း ဖြစ်စေပါတယ်။ အဲ့လိုဖြစ်ရခြင်းက လေထဲတွင် ဆာလဖိတ်၊ နိုက်တြိတ်၊ အမိုးနီးယား၊ ဆိုဒီယံ ကလိုရိုဒ်၊ ကာဗွန် နှင့် သတ္ထု အမှုန်များ ပါဝင်နေလို့ပဲဖြစ်ပါတယ်။

Photo credit pngtree

သို့သော်လည်း ဘော့စ်နီးယား၊ ဟာဇီဂိုဗီးနား အစိုးရက ရေဆိုးများထွက်ရှိသော စက်ရုံ ၁၂၂ ရုံကို လည်ပတ်ခြင်း မရှိတော့ကြောင်း ၂၀၁၁ ခုနှစ် အစီရင်ခံစာတွင် ဖော်ပြခဲ့ပါတယ်။ ထိုစက်ရုံများတွင် ဘိလပ်မြေ၊ အက်ဆီတလင်း၊ ကလိုရင်း၊ ကလိုရစ် အက်ဆစ်နှင့် မြေသြဇာ ထုတ်လုပ်သော စက်ရုံများပါဝင်ခဲ့တာကြောင့် လေထုညစ်ညမ်းမှုပြဿနာဟာ အတော်အတန်လေး လျော့နည်းသွားခဲ့ပါတယ်။ ပရိသတ်ကြီးလည်း ဖတ်ရှုပြီးတဲ့အခါမှာ သဘာဝပတ်ဝန်းကျင်ကို တတ်စွမ်းသလောက်ထိန်းသိမ်းပြီး လေထုညစ်ညမ်းမှုပြဿနာကို ကာကွယ်ဖြေရှင်းကြဖို့ တိုက်တွန်းလိုက်ပါတယ်။

Source မောင် သာ ရှေးဟောင်းသုတေသန

Photo credit pngtree 

Photo credit pngtree

သတင်းယူရေးခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။