"အိမ်မက်ဆုံရာ" ပြိုင်ပွဲကနေ ဂီတလောကထဲသို့ ဝင်ရောက်လာခဲ့တာဖြစ်ပြီး လူငယ်အကြိုက် သီးချင်းအလန်းစားတွေကို ထုဆစ်ဖန်တီးထားတဲ့ အဆိုတော် ဝိုင်းလေးကိုသိကြမှာပါနော်။ Miss World Myanmar 2014 သရဖူဆုကိုလည်း ဆွတ်ခူးရရှိခဲ့ပြီး မော်ဒယ်သရုပ်ဆောင်အနေနဲ့ အနုပညာအလုပ်တွေလုပ်နေတဲ့ ဝိုင်းလေးကို MLTVကနေ အင်တာဗျူးမေးမြန်းခဲ့ပါတယ်။

Photo Credit Wint Yee Shunn's Facebook
Photo Credit Wint Yee Shunn's Facebook

ကိုးရီးယားခရီးစဉ်မှာ knowledgeတွေ၊ အတွေ့အကြုံတွေ အများကြီးရရှိခဲ့ပါတယ်။ ပွဲမစခင် training ပေးတာတွေ၊ artistတစ်ယောက်ချင်းစီကို take care လုပ်တာတွေက ဒီနိုင်ငံနဲ့ဆိုင်ရင် ကွာဟပါတယ်။ ဟိုမသွားခင်ထဲက မိုက်ခရိုဖုန်း ဘယ်အမျိုးအစားသုံးချင်တယ်၊ back stageမှာ ဘာတွေစားချင်တယ်၊ ဘာတွေမတည့်ဘူးကအစ အသေးစိပ် ဂရုစိုက်ပါတယ်။

Photo Credit Wint Yee Shunn's Facebook
Photo Credit Wint Yee Shunn's Facebook

"အမှတ်တရကတော့ psyတို့၊ daraတို့နဲ့ stageတစ်ခုတည်းမှာ ဖျော်ဖြေရတာမလို့ အရမ်းရင်ခုန်ဖို့ကောင်းတယ်၊ နောက်ပြီးတော့ ဝိုင်းလေးကိုအားပေးဖို့ ဆိုးလ်ကနေ မြန်မာအဖွဲ့တွေ ကားစီးလုံးငှားပြီး အားပေးကြတယ်၊ ပွဲထဲမှာလည်း မြန်မာပရိသတ်တွေ အများကြီးတွေ့ရတော့ အရမ်းကိုပျော်ပါတယ်၊ ဘဝရဲ့မှတ်တိုင်တစ်ခုလည်းဖြစ်ခဲ့ပါတယ်"ဆိုပြီး Asean Fantasiaပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ သွားရောက်ဖျော်ဖြေခဲ့တဲ့အပေါ် သူမရဲ့ခံစားချက်တွေကိုပြောပြခဲ့တာဖြစ်ပါတယ်။ ပျော်ရွှင်ကြည်နူးမှုတွေ ကူးစက်သွားအောင် ဗီဒီယိုဖိုင်လေးကိုလည်း မျှဝေပေးလိုက်ပါတယ်။

Photo Credit Wint Yee Shunn's Facebook

Photo Credit Wint Yee Shunn's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။