ရှမ်းယူနိုက်တက်အသင်းဟာအုပ်စု (H) တွင် ပါဝင်နေပြီး အုပ်စုပြိုင်ဘက်များအဖြစ်စင်ကာပူကလပ်အသင်း Tampines Rovers FC (သို့မဟုတ်) Geylang International FCဖိလစ်ပိုင်ကလပ်အသင်း Kaya FC – Iloilo FC အင်ဒိုနီးရှားကလပ်အသင်း PSM Mak Assar (သို့မဟုတ်) တီမောကလပ်အသင်း Lalenok United FC အသင်းများနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပါတယ်။

photo credit : Shan United FC 's facebook
photo credit : Shan United FC 's facebook

ရှမ်းယူနိုက်တက်အသင်းဟာ (၁၄.၁.၂၀၂၀) နေ့တွင် အာရှချန်ပီယံလိဂ် (ACL) ပြိုင်ပွဲ ခြေစစ်ပွဲ ပထမအဆင့် (ACL Preliminary Stage) ပြိုင်ပွဲကို ဖိလစ်ပိုင်ကလပ်အသင်း ဆဲရက်စ်နီဂရိုးစ်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ACL ခြေစစ်ပွဲများကို အောင်မြင်ခဲ့ပါက ACL အုပ်စုအဆင့်သို့ ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ခြေစစ်ပွဲ မအောင်မြင်ခဲ့ပါက AFC Cup ပြိုင်ပွဲအား Group (H) ပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရမည်ဖြစ်ပါတယ်။

photo credit : Shan United FC 's facebook
photo credit : Shan United FC 's facebook

အင်ဒိုနီးရှား ရှုံးထွက်ချန်ပီယံ PSM Mak Assar အသင်းနှင့် တီမောပရီးမီးယားလိဂ် ချန်ပီယံ Lalenok United FC အသင်းတို့သည် AFC Cup အုပ်စုအဆင့်အတွက် ခြေစစ်ပွဲယှဉ်ပြိုင် ကစားရမည်ဖြစ်ပြီး ၎င်းတို့အသင်းနှစ်သင်းထဲမှ အနိုင်ရရှိသည့်အသင်းက အုပ်စု (H) ကို ဝင်ရောက်ကာ ယှဉ်ပြိုင်ရမည်ဖြစ်ပါတယ်။

source: Shan United FC 's facebook 

photo credit : Shan United FC 's facebook
photo credit : Shan United FC 's facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။