လတ်တလောမှာ နှုတ်ခမ်းနီမလေးတွေရဲ့ တစ်ခဲနက်ဝန်းရံအားပေးခြင်းကို ရရှိထားသူကတော့ ဘုန်းမင်းနေလပါ။ သူဟာ ခင်ဇာခြည်ကျော်ရဲ့ အကြီးဆုံးသားဖြစ်ပြီး မိခင်ဖြစ်သူနဲ့အတူ အနုပညာအလုပ်တွေကို အတူတကွလုပ်ကိုင်နေတာပါ။ ဘုန်းမင်းနေလဟာ ၂၀၁၈ ခုနှစ် အကယ်ဒမီထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားတွင် ရွှေကြိုအဖြစ်လုပ်ဆောင်ရာမှတစ်ဆင့် အနုပညာလောကထဲကို ဝင်ရောက်လာသူပါ။  

Photo Credit - Phonemin Nay La's Facebook
Photo Credit - Phonemin Nay La's Facebook
Photo Credit - Phonemin Nay La's Facebook

လတ်တလောမှာတော့ စင်ကာပူနိုင်ငံတွင် ကျောင်းသွားတက်နေတာပါ။ မြန်မာနိုင်ငံကိုလည်း ကျောင်းပိတ်ရက်များတွင် မကြာခဏအလည်လာလေ့ရှိပြီး အားရင်အားသလို အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်နေတာပါ။ ခင်ဇာခြည်ကျော်ကလည်း သားရဲ့ကြိုးစားအောင်မြင်မှုတွေကိုကြည့်ပြီး ဂုဏ်ယူနေရတာပါ။  

Photo Credit - Phonemin Nay La's Facebook
Photo Credit - Phonemin Nay La's Facebook
Photo Credit - Phonemin Nay La's Facebook

အခုမှာလည်း မိခင်ဖြစ်သူ ခင်ဇာခြည်ကျော်ရဲ့ Tik Tok အကောင့်လေးမှာ ဗီဒီယိုလေးတစ်ခုတင်ထားတာပါ။ ဒါကတော့ ယောကျ်ားလေးဖြစ်သော်လည်း အိမ်မှုကိစ္စတွေပါ ကျွမ်းကျင်ကြောင်းပြသလိုက်တဲ့ သားဖြစ်သူ ဘုန်းမင်းနေလရဲ့ Video လေးပါ။ ဘုန်းမင်းရဲ့ အရသာရှိစွာချက်ပြုတ်နေတဲ့ ဗီဒီယိုလေးကို တင်ဆက်ပေးလိုက်ပါတယ်။

Source - Khin Zarchi Kyaw's Tij Tok

Photo Credit - Phonemin Nay La's Facebook  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။