ပရိသတ်ကြီးရေ မျက်နှာချိုချိုလေးကိုပိုင်ဆိုင်ထားပြီးလူချစ်လူခင်ပေါများတဲ့ မင်းသားချောလေးစည်ဖြိုးကတော့ ပရိသတ်တွေရဲ့အချစ်ကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ပရိသတ်တွေကလည်းစည်ဖြိုးသာမက စည်ဖြိုးရဲ့မိသားစုလေးကိုပါချစ်ကြလို့ အမြဲစောင့်ကြည့်နေကြတာပဲဖြစ်ပါတယ်။စည်ဖြိုးတို့မိသားစုလေးက အလှူအတန်းဆိုလည်းသိန်းပေါင်းများစွာကိုရက်ရက်ရောရောနဲ့လှူဒါန်းတတ်တဲ့သူတွေပါနော်။အခုဆိုရင်လည်း စည်ပင်သန့်ရှင်းရေးဝန်ထမ်းတွေအတွက် လိုအပ်တာလေးတွေနဲ့ငွေသားကို လှူဒါန်းခဲ့တာဖြစ်ပါတယ်။

Photo Credit:Si Phyo's Facebook Page
Photo Credit:Si Phyo's Facebook Page
Photo Credit:Si Phyo's Facebook Page
Photo Credit:Si Phyo's Facebook Page

"နေပူလည်း ရတယ် ...မိုးရွာလည်း ရတယ် ....ဆောင်းအေးလည်း ရတယ်....နေပူမရှောင် မိုးရွာမ‌‌ရှောင် ကျွန်တာ်တို့ ရန်ကုန်မြို့ကြီး သန့်ရှင်းလှပဖို့အပင်ပန်းခံကာ စေတနာအပြည့်နဲ့ ကူညီ‌ ဆောင်ရွက်‌ပေးနေတဲ့ အခြေခံစည်ပင်ဝန်ထမ်းတွေဖြစ်တဲ့ သန့်ရှင်းရေးမောင်မယ်များနဲ့ ပန်းဥယျာဉ်မာင်မယ် ၁၇၅ယောက်မှာ တစ်ယောက်ချင်းစီအတွက် ငွေသား ၃၅၀၀၀၊ ဆီ တစ်ပိဿာ၊ဆန် ၆ ပြည်၊ ခေါက်ဆွဲခြောက် တစ်တွဲ၊ ငါးသတ္တာတစ်ဘူးစီကိုအန်တီ ဆွေဆွေဝင်းရဲ့ ၂နှစ် ၃လ ပြည့်နှင့် ဘိုးဘိုးကြီးဦးဝင်းမောင်တင် တို့အား ရည်စူး၍ဘွားဘွားကြီး ဒေါ်သန်းရင်၊ ဖေကြီး ဦးထွန်းအောင် + မေကြီး ဒေါ်သီသီဝင်း၊ ကျွန်တော် စည်ဖြိုး၊ ညီလေး ပြည့်ဖြိုး တို့မိသားစုမှ ပေးလှူခဲ့ပါတယ်။"

Photo Credit:Si Phyo's Facebook Page
Photo Credit:Si Phyo's Facebook Page
Photo Credit:Si Phyo's Facebook Page
Photo Credit:Si Phyo's Facebook Page

"ဒါ့အပြင် အလှူကျင်းပခဲ့တဲ့ ဓမ္မာရုံအတွက်လည်း ဆန် ၆ ပြည် ၇အိတ်၊ ဆီတစ်ပိဿ ၇ဘူး၊ ငါးသေတ္တာ၂ဘူး၊ ခေါက်ဆွဲ‌ခြောက် ၁၂ တွဲနှင့် ကျွန်တော်တို့ မိသားစုမှ အလှူငွေ ၁သိန်း ထပ်မံလှူဒါန်းခဲ့ပါတယ်။ဒီနေ့မှာ ကျွန်တော်တို့ မိသားစုနှင့်အတူ လာရောက်လှူဒါန်းကြတဲ့ အလှူရှင်များ၊ ကူညီပေးကြတဲ့ မိတ်ဆွေတွေနဲ့ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ လိုလေသေးမရှိ စီစဉ်ပေးထားသော ဓမ္မာရုံမှ တာဝန်ရှိသူများ၊ အလှူခံ စည်ပင်သာယာမှ အခြေခံ ဝန်ထမ်းများ အားလုံးကို ကျေးဇူးတင်ရှိပါတယ်ခင်ဗျ........အားလုံးပဲ ကျန်းမာ ချမ်းသာ ချစ်ကြပါ"ဆိုပြီး အလှူပုံရိပ်လေးတွေကိုမျှဝေလာတာဖြစ်ပါတယ်နော်။

Photo Credit:Si Phyo's Facebook Page
Photo Credit:Si Phyo's Facebook Page
Photo Credit:Si Phyo's Facebook Page
Photo Credit:Si Phyo's Facebook Page

Photo Credit:Si Phyo's Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။