ရုပ်ရှင်မင်းသမီးချောလေး ဖြူဖြူထွေးကတော့ နာမည်လေးနဲ့လိုက်အောင် စိတ်သဘောထားလေးက ဖြူစင်ရိုးသားလွန်းတဲ့ ပရိသတ်အချစ်တော်လေး ဖြစ်ပါတယ်။ ဟန်ဆောင်မှုတွေမရှိလဲ ပွင့်ပွင့်လင်းလင်းပြောဆိုတတ်တဲ့ ဖြူဖြူထွေးရဲ့ဟန်ပန်အမူအရာလေးတွေကြောင့် ပရိသတ်တွေအချစ်ပိုနေရတာ ဖြစ်ပါတယ်။ ဖြူဖြူထွေးက ချစ်ခင်အားပေးသူတွေများပြားပြီး အရမ်းကိုအောင်မြင်နေတာလည်း ဖြစ်ပါတယ်။

Photo Credit-Phyu Phyu Htwe's FB
Photo Credit-Phyu Phyu Htwe's FB
Photo Credit-Amazing Grace

လက်ရှိမှာတော့ ဖြူဖြူထွေးက သရုပ်ဆောင်အဖြစ် ဇာတ်ကားတွေ၊ သီချင်းဗီဒီယိုတွေနဲ့ ကြော်ငြာတွေအဆက်မပြတ်ရိုက်ကူးနေရသလို ပွဲအခမ်းအနားတော်တော်များများကိုလည်း တက်ရောက်နေရတာဖြစ်ပါတယ်။ Tik Tok ကစားရတာကိုဝါသနာပါတဲ့ ဖြူဖြူထွေးက မကြာခဏဆိုသလို ဗီဒီယိုအသစ်လေးတွေကို မျှဝေပေးလေ့ရှိတာလည်း ဖြစ်ပါတယ်။ အခုလည်း ဖြူဖြူထွေးက အကဗီဒီယိုအသစ်လေးကို Tik Tok မှာ တင်ပေးထားပါတယ်။

Photo Credit-Phyu Phyu Htwe's FB
Photo Credit-Phyu Phyu Htwe's FB

ဖြူဖြူထွေးက ကုလားသီချင်းလေးကို ကကွက်ဆန်းတွေနဲ့ အပီအပြင်ကပြပြီး Tik Tok ကစားထားတာပဲ ဖြစ်ပါတယ်။ သီချင်းတီးလုံးလေးအတိုင်း စည်းချက်ကျကျ အမိုက်စားကပြထားတဲ့ ဖြူဖြူထွေးရဲ့ အကဗီဒီယိုလေးကိုတော့ ပရိသတ်တွေကြိုက်နှစ်သက်ကြမယ် ထင်ပါတယ်။ ကဲ ချစ်ပရိသတ်ကြီးအတွက် မင်းသမီးချောလေး ဖြူဖြူထွေးရဲ့အကဗီဒီယိုအသစ်လေးကို အောက်မှာပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo & Video Credit-Phyu Phyu Htwe's FB & Tik Tok 

Photo Credit-Phyu Phyu Htwe's FB
Photo Credit-Phyu Phyu Htwe's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။