ပရိသတ်ကြီးရေ.. ဖေ့စ်ဘွတ်နဲ့ လူမှုကွန်ယက်မှာ Tik Tok ဆော့ကစားရင်း ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိထားကြတဲ့ Tik Tok ဆယ်လီတွေထဲမှာ အိုင်ဒေါကြီးနဲ့ မပိန်တို့ကလည်း အပါအဝင်ပါပဲနော်..။

ဝါသနာပါတဲ့ သရုပ်ဆောင်မှုလေးတွေနဲ့ ရိုးရှင်းပြီး ဟန်ဆောင်မှုကင်းတဲ့ ဟန်ပန်လေးတွေကြောင့် ပရိသတ်တွေက သဘောကျကာ အားပေးရင်း နာမည်ကြီးလာတဲ့ သူမတို့နှစ်ယောက်ကတော့ ရန်ကုန်ကို ရောက်ရှိနေပြီဆိုတာ ပရိသတ်တွေ အသိပါပဲနော်..။


Photo By Myanmarload
Photo By Myanmarload

အနုပညာအလုပ်တွေကို လုပ်ဆောင်ဖို့အတွက် ရန်ကုန်ရောက်ရှိလာကြတဲ့ အိုင်ဒေါကြီးနဲ့ မပိန်တို့ကတော့ ဖွေးဖွေးအပြင် အခြားဒိတ်ဒိတ်ကြဲအနုပညာရှင်တွေနဲ့အတူ ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ဆော့မှာ ဖြစ်ပါတယ်နော်..။

သားစိုးပုံဖော်ရိုက်ကူးမယ့် “ရောသမမွှေ”ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ထားကြတာဖြစ်ပြီး Tik Tok ဆယ်လီနှစ်ယောက်ကိုတော့ အခွီရုပ်ရှင်ဇာတ်ကားကြီးမှာ ဘယ်လိုကာရိုက်တွေ ဘယ်လိုထူးခြားဆန်းပြားတဲ့ သရုပ်ဆောင်ပုံတွေနဲ့ မြင်တွေ့ရမလဲဆိုတော့ အားလုံးကလည်း စိတ်ဝင်စားနေကြပါတယ်နော်..။


Photo By Myanmarload
Photo By Myanmarload

“ရောသမမွှေ” ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ောဆင်ထားကြတဲ့အပြင် ကြော်ငြာတွေလည်း ရိုက်ကူးသွားဖို့ ရှိတယ်ဆိုပြီးတော့လည်း သူမတို့ရဲ့သတင်းကောင်းလေးကို ပရိသတ်တွေကိုလည်း ပြောပြထားပါတယ်နော်..။

ပရိသတ်တွေါရဲ့ အားပေးဝန်းရံမှုတွေကို အခိုင်အမာရရှိထားကြတဲ့ Tik Tok ဆယ်လီနှစ်ဦးရဲ့ စာနယ်ဇင်းရှင်းလင်းပွဲ ပုံရိပ်လေးတွေကိုလည်း ချစ်ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo By Myanmarload
Photo By Myanmarload

Photo By Myanmarload

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။