ချစ်စရာကောင်းတဲ့ပါးချိုင့်လေးကြောင့် ပုရိသတွေကို ကြွေအောင်လုပ်နိုင်သူလေးကတော့ သရုပ်ဆောင် မင်းသမီးချောလေး အေးမြတ်သူပါ။ ချစ်ခင်တဲ့သူတွေကတော့ သူမကို မမြတ်လေးလို့ ချစ်စနိုးနဲ့ခေါ်ကြပြီးအောင်မြင်ကျော်ကြားတဲ့ ထိပ်တန်းမင်းသမီးလေးတစ်လက်အဖြစ် ရပ်တည်နေတာပါ။ လတ်တလောမှာလည်း မိသားစုနဲ့အတူ ဗုဒ္ဓဂါယာကို အတူတကွသွားရောက်ခဲ့တာပါ။  

Photo Credit - Myat Lay ML's Facebook
Photo Credit - Myat Lay ML's Facebook
Photo Credit - Myat Lay ML's Facebook

မမြတ်လေးဟာ မြန်မာဆန်ဆန်ဝတ်စုံလေးတွေသာ အသားပေးဝတ်ဆင်လေ့ရှိတာကြောင့် ပရိသတ်တွေက ပိုပြီးချစ်ခင်နေရတာပါ။ သူမရဲ့ လက်ရှိအချစ်ရေးလေးကိုလည်း ပရိသတ်တွေက စိတ်ဝင်စားနေကြတာပါ။ လက်ရှိမှာတော့ သူမရဲ့ အားလပ်ချိန်တိုင်းကို မိသားစုနဲ့သာ ပျော်ရွှင်စွာ ဖြတ်သန်းကုန်ဆုံးနေတာပါ။  

Photo Credit - Myat Lay ML's Facebook
Photo Credit - Myat Lay ML's Facebook
Photo Credit - Myat Lay ML's Facebook

မမြတ်လေးဟာ ပရိသတ်တွေအတွက် မကြာခဏ Tik Tok Video လေးတွေ ရိုက်ကူးကာ အမြဲဝေမျှလေ့ရှိတာပါ။ အခုတစ်ခါမှာလည်း ထချစ်ရတဲ့ တူမလေးကိုပွ့ချီကာ လတ်တလောခေတ်စားနေတဲ့သီချင်းလေးနဲ့ Tik Tokကစားထားတဲ့ သူမရဲ့ဗီဒီယိုလေးကို တင်လိုက်ပြန်ပါပြီ။ ပရိသတ်တွေအတွက် မမြတ်လေးရဲ့ Tik Tok Video လေးကို တင်ဆက်ပေးလိုက်ပါတယ်။

Source - Myat Lay ML's Tik Tok

Photo Credit - Myat Lay ML's Facebook  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။