မအေးသောင်းကတော့ တစ်ခေတ်တစ်ချိန်ကတည်းက ပုရိသတွေရဲ့နှလုံးသားကို လှုပ်ကိုင်လာနိုင်ခဲ့တာ ယနေ့အချိန်အထိပဲ ဖြစ်ပါတယ်။ ဆံနွယ်ရှည်လေးတွေကိုပိုင်ဆိုင်ထားတဲ့ မအေးသောင်းက မြန်မာဝတ်စုံလေးတွေနဲ့ဆိုရင် အရမ်းကျက်သရေရှိပြီးလှနေတာ ဖြစ်ပါတယ်။ ပြေပြစ်လှပတဲ့ ကောက်ကြောင်းအလှပိုင်ရှင်လေး မအေးသောင်းကတော့ ယောက်ျားလေးပရိသတ်တွေ အသည်းစွဲချစ်ခင်ရသူလေးဆိုရင်လည်း မမှားပါဘူးနော်။

Photo Credit- Aye Thaung's FB
Photo Credit- LiJohn Photography

အခုချိန်အထိ တစ်ကိုယ်တည်းအပျိုကြီးလုပ်နေတဲ့ မအေးသောင်းရဲ့ အချစ်ရေးနဲ့ပတ်သက်ရင်တော့ ပရိသတ်တွေကလည်း အရမ်းကိုစိတ်ဝင်တစားရှိလှတာ ဖြစ်ပါတယ်။ မအေးသောင်းကလည်း သူမရဲ့အချစ်ရေးအကြောင်းတွေကို ပွင့်ပွင့်လင်းလင်းပြောကြားထားခြင်း မရှိသေးပါဘူးနော်။ ဒါပေမယ့် အခုတော့ မအေးသောင်းက ပရိသတ်တွေ အရမ်းကိုစိတ်ဝင်သွားစေမယ့် ပုံရိပ်လေးတစ်ခုကို မျှဝေလိုက်ပါတယ်။

Photo Credit- LiJohn Photography
Photo Credit- Aye Thaung's FB
Photo Credit- Amazing Grace

ဒီပုံလေးကတော့ မအေးသောင်းတစ်ယောက် အမျိုးသားတစ်ဦးရဲ့ပခုံးလေးကိုမှီပြီး အတူတူဇာတ်ညွှန်းဖတ်နေတဲ့ ပုံရိပ်လေးပဲ ဖြစ်ပါတယ်။ မအေးသောင်းက " အလုပ်ကူလုပ်ပေးရတာပေါ့ " ဆိုပြီး ဒီပုံလေးကို သူမရဲ့လူမှုကွန်ယက်စာမျက်နှာထက်မှာ တင်ထားတာ ဖြစ်ပါတယ်။ မအေးသောင်းက ထိုအမျိုးသားရဲ့မျက်နှာကို ဖော်ပြထားခြင်းမရှိတာကြောင့် ပရိသတ်တွေက အရမ်းအာရုံစိုက်ပြီး စောင့်ကြည့်နေရတာဖြစ်ပါတယ်။ ကဲ ပရိသတ်တွေအတွက် မအေးသောင်းရဲ့ပုံရိပ်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit- Aye Thaung's FB

Photo Credit- Aye Thaung's FB
Photo Credit- Aye Thaung's FB
Photo Credit- Aye Thaung's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။