ပရိသတ်ကြီးရေ မင်းသမီးချောနန္ဒာလှိုင်ကတော့ ယနေ့အချိန်ထိတိုင်ပြီးပြည့်စုံတဲ့အလှအပတွေကို ပိုင်ဆိုင်ထားဆဲဖြစ်ပြီး ပရိသတ်တွေရဲ့ရင်ထဲကထာဝရမင်းသမီးတစ်လက်ဖြစ်ပါတယ်။နန္ဒာလှိုင်က သမီးလေးသုံးယောက်ကို မွေးဖွားထားတဲ့မိခင်တစ်ယောက်ဖြစ်ပေမယ့်လည်း သူမရဲ့နုပျိုမှုတွေကတော့ မိန်းကလေးအချင်းချင်းတောင်အားကျငေးမောရပါတယ်နော်။

Photo Credit:Nandar Hlaing's Facebook
Photo Credit:Nandar Hlaing's Facebook

နန္ဒာလှိုင်ရဲ့ မိသားစုလေးက သာယာနွေးထွေးမှုအပြည့်ရှိပြီး အရမ်းချစ်တတ်တဲ့ချစ်ခင်ပွန်းကိုလည်း ပိုင်ဆိုင်ထားတာကြောင့် နန္ဒာလှိုင်က အိမ်ထောင်ရေးကံလည်းကောင်းပါတယ်နော်။သမီးလေးတွေကိုလည်း သေချာဂရုစိုက်စောင့်ရှောက်ပေးပြီး မိသားစုအတွက်သာအချိန်တွေကိုကုန်ဆုံးတာဖြစ်လို့ အနုပညာအလုပ်တွေနဲ့တော့အလှမ်းဝေးကွာနေတာဖြစ်ပါတယ်။

Photo Credit:Nandar Hlaing's Facebook
Photo Credit:Nandar Hlaing's Facebook

နန္ဒာလှိုင်ရဲ့သမီးသုံးယောက်လုံးကလည်း အချောလေးတွေဖြစ်ကြပြီး ပညာရေးမှာလည်းထူးချွန်ကြတဲ့သမီးကောင်းရတနာလေးတွေပါနော်။အခုဆိုရင်တော့ ဇေဝတီလှိုင်နဲ့ဇေရတီလှိုင်တို့ ညီအစ်မနှစ်ယောက်က ကျောင်းကပွဲမှာပါဝင်ဆင်နွှဲကြလို့ နန္ဒာလှိုင်တို့ဇနီးမောင်နှံရယ် မဒီလေးရယ်က သွားအားပေးကြတာဖြစ်ပါတယ်။ဝတီလေးနဲ့ရတီလေးတို့ရဲ့ ချစ်စရာအကဗီဒီယိုဖိုင်လေးကို ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Nandar Hlaing's Facebook
Photo Credit:Nandar Hlaing's Facebook

Photo Credit:Nandar Hlaing's Facebook

Video Credit:Nandar Hlaing's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။