ရုပ်ရှင်သရုပ်ဆောင် မင်းသားကျော်ကျော်ကတော့ ဗီဒီယိုနဲ့ ရုပ်ရှင်ဇာတ်ကားကြီး တော်တော်များများမှာ ပါဝင်သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်တွေကြားမှာ နာမည်တစ်လုံးနဲ့ အောင်မြင်နေတဲ့ ကျော်ကျော်က ပျော်ပျော်နေတတ်ပြီး ဟာသဉာဏ်ရွှင်တာကြောင့် သူ့ကိုချစ်ခင်သူတွေလည်း များပြားနေတာဖြစ်ပါတယ်။ ကျော်ကျော်က ညီထွဋ်ခေါင်၊ ဆုမြတ်နိုးဦးတို့နှစ်ယောက်နဲ့အတူ BFF အဖွဲ့လေးကိုလည်း ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

Photo Credit- N-H-K = ဗရမ်းဗတာ ဘီအက်ဖ်အက်ဖ်များ FB Page
Photo Credit- N-H-K = ဗရမ်းဗတာ ဘီအက်ဖ်အက်ဖ်များ FB Page
Photo Credit- N-H-K = ဗရမ်းဗတာ ဘီအက်ဖ်အက်ဖ်များ FB Page

ကျော်ကျော်၊ ညီထွဋ်ခေါင်နဲ့ ဆုမြတ်နိုးဦးတို့သုံးယောက်ကလည်း အပြင်မှာလည်း တကယ့်ကိုခင်မင်ရင်းနှီးကြတဲ့သူငယ်ချင်းတွေဖြစ်ကြပါတယ်။ သူတို့သုံးယောက်က ဗရမ်းဗတာ ဘီအက်ဖ်အက်ဖ်များဆိုတဲ့ Page လေးကိုတည်ထောင်ထားပြီး ပရိသတ်တွေအတွက် ပျော်ရွှင်စရာလေးတွေကို မျှဝေပေးနေတာဖြစ်ပါတယ်။ အခုလည်း ကျော်ကျော်ရဲ့ Tik Tok ဗီဒီယိုအသစ်လေးက ပရိသတ်တွေကြားမှာ ကြည့်ရှုသူများပြားနေပြန်ပါတယ်။

Photo Credit- N-H-K = ဗရမ်းဗတာ ဘီအက်ဖ်အက်ဖ်များ FB Page
Photo Credit- N-H-K = ဗရမ်းဗတာ ဘီအက်ဖ်အက်ဖ်များ FB Page

ဒီဗီဒီယိုလေးမှာတော့ ကျော်ကျော်က အိုးကိုလက်နဲ့ပွတ်ပြီး အခွီတလိုင်းပုံစံနဲ့ မျက်နှာပြောင်ထားတာပဲ ဖြစ်ပါတယ်။ သီချင်းလေးအတိုင်း အိုက်တင်ပီပြင်အောင် လုပ်ပြထားတဲ့ ကျော်ကျော်ရဲ့ပုံစံကတော့ တကယ့်ကိုခွီနေရတာလည်း ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ဗရမ်းဗတာ ဘီအက်ဖ်အက်ဖ်များအဖွဲ့ထဲက မင်းသားကျော်ကျော်ရဲ့ဟာသ Tik Tok ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo & Video Credit- N-H-K = ဗရမ်းဗတာ ဘီအက်ဖ်အက်ဖ်များ FB Page 

Photo Credit- N-H-K = ဗရမ်းဗတာ ဘီအက်ဖ်အက်ဖ်များ FB Page
Photo Credit- N-H-K = ဗရမ်းဗတာ ဘီအက်ဖ်အက်ဖ်များ FB Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။