သာယာကြည်နူးစရာကောင်းတဲ့ မိသားစုကိုပိုင်ဆိုင်ထားရုံသာမကပဲ အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်အဖြစ် ရပ်တည်နေသူကတော့ သရုပ်ဆောင် ဆုပန်ထွာပါ။ သူမရဲ့မိသားစုလေးကို ပရိသတ်တွေက အားကျနေတာပါ။ အခုမှာလည်း မိသားစုနဲအတူ ပုဂံကို ဘုရားဖူးသွားရောက်လည်ပတ်နေတာပါ။ 

Photo Credit - Supan Htwar's Facebook
Photo Credit - Supan Htwar's Facebook
Photo Credit - Supan Htwar's Facebook

ပန်ပန်ရဲ့ လူမှုကွန်ယက်စာမျက်နှာတွင်လည်း အခုလိုပဲ ရေးသားထားတာပါ။ " ပုဂံအလိုတော်ပြည့်ဘုရားပွဲနဲ့ ပြင်ဦးလွင်မိသားစု ခရီးစဉ်လေး!

မိသားစုခရီးထွက်ဖို့ကြည်နူးမိတဲ့စိတ်လေးနဲနဲရေးချင်မိ!

သွားဖို့အတွက်စစီစဉ်ကတည်းက ကိုယ်ပျော်နေပြီ။

ကိုယ်မိသားစုနဲ့မထင်မှတ်ပဲ ရုတ်တရက်အကြာကြီးခွဲလိုက်ရတဲ့အချိန်တုန်းက......မိသားစုနဲ့နေရတဲ့အချိန်တွေပိုပြီးတန်ဖိုးထားတတ်လာတယ်။

အရင်ကိုယ်တစ်‌ယောက်တည်း Roar Roarအ‌ပေါ်လုပ်‌ပေးရင်း အရမ်းအလုပ်များလို့ စိတ်တွေရှုပ်လာတဲ့အခါ စိတ်မရှည်တဲ့စိတ်တွေ အလိုလိုစိတ်တွေပိုရှည်တတ်သွားတယ်။ သူဘယ်လောက်ဂျီကျပြီးငိုငို သူ့ကို ပြုံးကြည့်ပြီး အချိန်ဘယ်လောက်ကြာကြာနားလည်အောင်ရှင်းပြရင်းချော့နိုင်သွားပြီ။ 

Photo Credit - Supan Htwar's Facebook
Photo Credit - Supan Htwar's Facebook
Photo Credit - Supan Htwar's Facebook

ယောကျားအပေါ်လည်း လွယ်လွယ်နဲ့လည်းစိတ်မဆိုးတတ်တော့ဘူး။ကောင်းစေချင်လို့ပြောရင် ကိုယ်ကအမြဲတမ်းဖမ်းရန်ဖြစ်တတ်တာမျိုး...ခိခိ

ကိုယ့်အပေါ်တော်တော်သည်းခံပေးတဲ့ယောက်ျား..ပိုချစ်မိပါတယ် .........

ယောက်ျားအပေါ် "ချစ်တယ်" လို့ပြောရမှာ အလွန်တစ်ရာဝန်လေးတဲ့ ကျွန်မ !

ရန်များဖြစ်ပြီးရင် ယောက်ျားအတင်းဖက်ချော့လို့ ချစ်လားမေးရင် "မချစ်ဘူး" ခုထိဖြေမိတုန်း။

သူလည်း "အေးပါ ကိုကို ပဲချစ်မယ်၊ကလေးလေးက ပြန်ချစ်စရာမလိုဘူး။ ဟုတ်ပီလား" ခုထိပြောတုန်း။

မိသားစုကိုတန်ဖိုးထားတတ်တဲ့ယောက်ျား၊ချစ်တတ်တဲ့ယောက်ျား၊မိန်းမနဲ့သားအတွက်ကောင်းဖို့ဆို မိန်းမနဲ့ရန်ဖြစ်ပြီးတောင် ကောင်းအောင်၊ အမျိုးမျိုးကာကွယ်ပေးတဲ့ယောက်ျား။ သူမိသားစုကိုတန်ဖိုးထားတတ်တာလေးတွေ၊ချစ်တာတွေ ပိုသိလာ၊အခုမှပိုမြင်လာတယ်။

မိသားစု ဆိုတာတစ်ယောက်နဲ့တစ်ယောက် စစ်မှန်တဲ့ချစ်ခြင်း၊ စာနာနားလည်ပေးပြီး တစ်ယောက်အခက်အခဲကိုတစ်ယောက် ရင်ဆိုင်ပြီး‌ပြောစရာမလို‌အောင်ဖြေရှင်းပေးတတ်ကြတာ အလိုလိုပါ။

We are Family Daddy " ဆိုပြီး ရေးသားထားတာပါ။ ဒါ့အပြင်ပုဂံဘုရားတွေကို မြင်းလှည်းလေးစီးကာ လည်ပတ်နေတဲ့ ပန်ပန်တို့မိသားစုလေးရဲ့ ဗီဒီယိုလေးပါ ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။

Source and Photo Credit - Supan Htwar's Facebook  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။