မင်းသမီးချောလေး ပိုးအိအိခန့်ကတော့ မျက်နှာလေးကလည်းချစ်ဖို့ကောင်းသလို အပြုံးလေးတွေကလည်း တကယ့်ကိုလှပလွန်းသူလေး ဖြစ်ပါတယ်။ သရုပ်ဆောင်တစ်ဦးအဖြစ် ဗီဒီယိုဇာတ်ကားတွေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေရိုက်ကူးခဲ့ရတဲ့ ပိုးအိအိခန့်ကိုတော့ မသိသူမရှိလောက်အောင်ပါပဲနော်။ လက်ရှိမှာတော့ ပိုးအိအိခန့်က နိုင်ငံဂုဏ်ဆောင်ဘောလုံးသမား အောင်သူနဲ့အိမ်ထောင်ကျပြီး သားလေးတစ်ယောက်မွေးဖွားခဲ့ပြီ ဖြစ်ပါတယ်။

Photo Credit- Poe Ei Ei Khant's FB
Photo Credit- Poe Ei Ei Khant's FB
Photo Credit- Poe Ei Ei Khant's FB

ပိုးအိအိခန့်က အရမ်းကိုချစ်ဖို့ကောင်းပြီး ခင်ပွန်းနဲ့တူတဲ့ သားချောလေးကိုမွေးဖွားခဲ့တာ အခုဆိုရင်သားလေးက အသက်လေးလကျော်တောင်ရှိနေပြီ ဖြစ်ပါတယ်။ ပိုးအိအိခန့်က သားဦးလေးဖြစ်တဲ့ ကိုကိုးလေးကိုဂရုတစိုက်ပြုစုစောင့်ရှောက်နေတာကြောင့် အနုပညာလှုပ်ရှားမှုတွေကို ရပ်နားထားတာ ဖြစ်ပါတယ်။ အခုလည်း ပိုးအိအိခန့်က ချစ်ရတဲ့သားလေးကို အနမ်းတွေပေးနေတဲ့ ချစ်စဖွယ်ပုံရိပ်လေးတွေကို မျှဝေလိုက်ပါတယ်။

Photo Credit- Poe Ei Ei Khant's FB
Photo Credit- Poe Ei Ei Khant's FB
Photo Credit- Poe Ei Ei Khant's FB

ပိုးအိအိခန့်က ပါးဖောင်းဖောင်းလုံးလုံးလေးတွေနဲ့ အရမ်းကိုချစ်ဖို့ကောင်းတဲ့သားလေးကို အနမ်းတွေတဖွဖွပေးရင်း ကြည်နူးနေတာ ဖြစ်ပါတယ်။ မေမေကလည်းသားလေးကို ချစ်မဝဖြစ်နေသလို သားလေးကလည်း မျက်လုံးအဝိုင်းသားလေးနဲ့ကင်မရာကိုကြည့်နေတဲ့ပုံစံလေးက အသည်းစရာကောင်းနေတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ပိုးအိအိခန့်တို့သားအမိနှစ်ယောက်ရဲ့ ကြည်နူးစရာပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit- Poe Ei Ei Khant's FB 

Photo Credit- Poe Ei Ei Khant's FB
Photo Credit- Poe Ei Ei Khant's FB
Photo Credit- Poe Ei Ei Khant's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။