ကမ္ဘာပေါ်မှာ လူနှစ်ဦးသာ ကျွမ်းကျွမ်းကျင်ကျင် ပြောဆိုတတ်တဲ့ ဘာသာစကားအကြောင်း တင်ဆက်ပေးမယ်ဆိုရင် ပရိသတ်ကြီးစိတ်ဝင်စားကြမှာပါနော်။ "Ayapaneco" အရပါနီကို လို့အမည်ရတဲ့ ဘာသာစကားကို မက္ကဆီကိုနိုင်ငံမှာ ရာစုနှစ်ပေါင်းများစွာ သုံးစွဲခဲ့ကြပြီး ယခုခေတ်အခါမှာတော့ သုံးစွဲမှုနည်းပါးသွားပြီး နှစ်ဦးသာကျန်ရှိခဲ့ပါတယ် ။ ကျွမ်းကျင်စွာ ပြောဆိုတတ်တဲ့ လူနှစ်ဦးကလည်း အပြန်အလှန်စကားပြောရာတွင် ထိုဘာသာစကားကို အသုံးမပြုကြသဖြင့် ပျောက်ကွယ်တော့မယ့် အန္တရာယ်နှင့် ရင်ဆိုင်နေရတာဖြစ်ပါတယ်နော်။

photo credit pngtree

အရင်တုန်းက သုံးစွဲသူများ ရှိခဲ့သော်လည်း စပိန်တို့ အောင်ပွဲခံမှု၊ စစ်ပွဲများ၊ တော်လှန်ပုန်ကန်မှုများ၊ ငတ်မွတ်ခေါင်းပါးမှုများ၊ ရေကြီးမှုများအတွင်း အရပါနီကို ဘာသာစကားက ကျန်ရှိနေခဲ့ပါသေးတယ်။ မက္ကဆီကို ပင်လယ်ကွေ့၊ တာဘက်စ်ကို ပြည်နယ်ရှိ အရပါကျေးရွာမှ ကိလိုမီတာ (၅၀၀) အကွာတွင် နေထိုင်လျက်ရှိသော မနျူရယ် ဆီဂိုဗီယာ နှင့် အီစီဒရို ဗီလက်ဇ်ကွက်ဇ် တို့ဟာ ဘာကြောင့် ယင်းတို့ကျွမ်းကျင်သော အရပါနီကို ဘာသာစကားအား မသုံးစွဲကြသည်ကို အခုထိတိုင် အဖြေရှာရခက်နေပါတယ်။

photo credit pngtree

အရပါနီကို ဘာသာစကားဟာ များပြားလှသော အခြားတိုင်းရင်းသားဘာသာစကားများက ဘေးပတ်လည်ဝိုင်းထားတဲ့ ဘာသာစကား ကျွန်း (Linguistic Island) တစ်ခုအဖြစ် တည်ရှိနေပြီး ထိုကျွန်းပေါ်တွင် ရှိနေသူ နှစ်ဦးကလည်း ဘာသာစကားဆက်လက်ရှင်သန်ဖို့အတွက် ဆောင်ရွက်နေခြင်းမျိုးကို မတွေ့ရပါဘူး။ နောင်လည်း ထူးခြားအံ့သြဖွယ် သတင်းဆန်းများကို ဖော်ပြပေးသွားမှာမလို့ ကျွန်ုပ်တို့ Myanmarload pageကို like and follow လုပ်ထားကြပါဦးနော်။

Source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းယူရေးခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန" ကိုကျေးဇူးတင်ရှိပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။