ပရိသတ်ကြီးရေ.. အနုပညာလောကမှာ ဆယ်စုနှစ်တွေကတည်း အမိုက်စား သီချင်းကောင်းလေးတွေအပြင် ပွင့်လင်းပြီး ပျော်ပျော်မှုတွေကြောင့် ပရိသတ်တွေရဲ့ တခဲနက်အားပေးချစ်ခင်မှုတွေကို ရရှိထားသူကတော့ အဆိုတော်ချစ်ကောင်းပဲ ဖြစ်ပါတယ်နော်..။

ကိုယ်ပိုင်ဟန်ပန်တွေနဲ့ တခေတ်တခါက ဂီတလောကမှာ လျှမ်းလျှမ်းတောက် အောင်မြင်ကျော်ကြားတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ဦးဖြစ်သလို ယနေ့အချိန်ထိလည်း ပရိသတ်တွေရင်ထဲအခိုင်အမာ နေရာယူထားပါတယ်နော်..။


Photo Credit - Chit Kaung’s Facebook
Photo Credit - Chit Kaung’s Facebook

ချစ်ကောင်းကတော့ အခုတစ်ခါမှာလည်း သူငယ်ချင်းလေးယောက်အတူပြန်ဆုံရင်း သီချင်းဆိုဖျော်ဖြေပွဲတွေ ပြုလုပ်ကာ ငယ်စဉ်ကတည်းက ချစ်ခင်လာကြတဲ့ သူငယ်ချင်းတွေနဲ့ အမှတ်တရလေးတွေအကြောင်း ပရိသတ်တွေကို ပြောပြလာပါတယ်နော်..။

ယောကျာ်းသားတွေဖြစ်ကြတဲ့ ချစ်ကောင်းနဲ့ တူးတူးတို့က ဟေမာနဲ့ကော်နီတို့ သူငယ်ချင်းမိန်းကလေးတွေကို လိုက်စောင့်ရှောက်ကာ အထိမခံကြတဲ့ ငယ်ငယ်က အမှတ်တရလေးတွေကို ပြောပြထားတာဖြစ်ပါတယ်..။


Photo Credit - Chit Kaung’s Facebook
Photo Credit - Chit Kaung’s Facebook

ဟိုးအရင်ကတည်းက လေးယောက်အတူတတွဲတွဲ နောက်ဆုံး အရိုးရှင်းဆုံးပြောရရင် အပေါ့အပါးသွားတာတောင် လိုက်ပြီးစောင့်ရှောက်ကြတဲ့ အမှတ်တရလေးတွေအပြင် ဟေမာရဲ့ဆရာလုပ်ခြင်းကိုလည်း ခံရပြီး ကော်နီရဲ့ ကောက်ကွေးမှုကိုလည်း ခံရတယ်ဆိုပြီး ရယ်မောကာ ပြောပြထားပါသေးတယ်..။

သူငယ်ချင်းလေးယောက်ရဲ့ အတူဖျော်ဖြေပွဲလေးအကြောင်းပြောရင်း ငယ်ငယ်က အမှတ်တရလေးတွေပြောပြထားတဲ့ ချစ်ကောင်းရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း အားလုံးအတွက် တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - Chit Kaung’s Facebook
Photo By Myanmarload

Photo Credit - Chit Kaung’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။