မိုးအောင်ရင်ကတော့ ပရိသတ်တွေအားလုံးရဲ့ချစ်ခြင်းမေတ္တာတွေကို အပိုင်ရရှိထားတယ်ဆိုတာ အားလုံးကသိပြီးသားဖြစ်ကြမယ်ထင်ပါတယ်။ မိုးအောင်ရင်က ရုပ်ရှင်သရုပ်ဆောင်အဖြစ် နှစ်ပေါင်းများစွာအနုပညာအလုပ်တွေကို လုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ်။ ပြစ်ဒဏ်ကလွတ်မြောက်ပြီးနောက်ပိုင်းမှာတော့ မိုးအောင်ရင်က အရင်ကလိုပဲ ဇာတ်ကားတွေပြန်လည်ရိုက်ကူးရင်း ဘဝသစ်တစ်ခုကိုစတင်နေတာ ဖြစ်ပါတယ်။

Photo Credit-Moe Aung Yin's FB
Photo Credit-Moe Aung Yin's FB
Photo Credit-Moe Aung Yin's FB

လက်ရှိမှာတော့ မိုးအောင်ရင်က သူချစ်ရတဲ့ဖေဖေ၊မေမေ၊ ညီမလေးတို့နဲ့အတူ မိသားစုစုံစုံလင်လင်နဲ့ ခရီးတွေထွက်နေတာ ဖြစ်ပါတယ်။ မိုးအောင်ရင်တို့မိသားစုလေးက အေးချမ်းသာယာတဲ့ ကလောမြို့လေးကို သွားရောက်လည်ပတ်နေကြတာပဲ ဖြစ်ပါတယ်။ အခုလည်း မိုးအောင်ရင်က ချစ်ရတဲ့ညီမချောလေးနဲ့အတူ မောင်မနှစ်ယောက်လျှောက်လည်ရင်း အမှတ်တရဓာတ်ပုံလေးတွေလည်း ရိုက်ကူးခဲ့ပါတယ်။

Photo Credit-Moe Aung Yin's FB
Photo Credit-Moe Aung Yin's FB
Photo Credit-Moe Aung Yin's FB

မိုးအောင်ရင်က ကလောမြို့လေးမှာ နေရာစုံအောင်လည်ပတ်ပျော်ရွှင်ခဲ့တဲ့ အမှတ်တရပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေအတွက် မျှဝေပေးထားပါသေးတယ်။ ကလေးတွေလို ချစ်ချစ်ခင်ခင် ပျော်ပျော်ရွှင်ရွှင်နဲ့မြင်တွေ့ရတဲ့ မိုးအောင်ရင်တို့မောင်နှမနှစ်ယောက်ကတော့ တကယ့်ကိုကြည်နူးဖို့ကောင်းလှပါတယ်။ ကဲ ချစ်ပရိသတ်ကြီးအတွက် မင်းသားချောလေး မိုးအောင်ရင်နဲ့ ချစ်ညီမလေးရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Moe Aung Yin's FB 

Photo Credit-Moe Aung Yin's FB
Photo Credit-Moe Aung Yin's FB
Photo Credit-Moe Aung Yin's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။