photo credit _MDL

EHOME အသင်းကတော့ ဒီကနေ့ယှဉ်ပြိုင်ကစားသွားရမယ့် WESG ပွဲစဉ်တွေမတိုင်ခင်မှာ ကြေညာမှုတစ်ခုပြုလုပ်ခဲ့ပါတယ်။

သူတို့ပြုလုပ်ခဲ့ကြေညာမှုကတော့ အသင်းရဲ့ offlane player Faith_bian အနေနဲ့ hand injury တစ်ခုရရှိခဲ့တာကြောင့် လတ်တလောဆော့ကစားမယ့်ပွဲစဉ်တွေမှာ ပါဝင်နိုင်ခြင်းမရှိသေးပါဘူး ။

Faith_bian ရဲ့ လက်ဒဏ်ရာဟာ ဆေးကုသဖို့လည်းလိုအပ်နေတာကြောင့် သူ့ရဲ့နေရာမှာ အသင်းရဲ့ coach ဖြစ်သူ xiao8 က ဝင်ကစားပေးသွားမှာပါ လို့ကြေညာခဲ့တာပဲဖြစ်ပါတယ်။

EHOME အနေနဲ့လည်း ဒီကနေ့မှာ WESG ပွဲစဉ်စုစုပေါင်း သုံးပွဲဆော့ကစားသွားရမှာဖြစ်ပြီး ယှဉ်ပြိုင်ကစားသွားရမယ့် team တွေကတော့ Serenity , TNT နဲ့ Keen Gaming တို့ပဲဖြစ်ပါတယ်။

source - EHOME Twitter

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။