ပရိသတ်ကြီးရေ.. အဆိုတော်ချောလေး အုပ်စိုးခန့်ကတော့ အမိုက်စားတေးသီချင်းကောင်းတွေအပြင် လူငယ်ဆန်ဆန်ဆွဲဆောင်မှုရှိတဲ့ပုံရိပ်လေးတွေကြောင့် ပရိသတ်တွေရဲ့ တခဲနက် အားပေးဝန်းရံမှုတွေကို အခိုင်အမာရရှိထားပဲ ဖြစ်ပါတယ်နော်..။

ဂီတလောကမှာ အောင်မြင်ကျော်ကြားတဲ့ ပြည်သူချစ်အနုပညာရှင်အဆိုတော်တစ်ဦးအဖြစ် ရပ်တည်နေသလို သရုပ်ဆောင်ပိုင်းမှာလည်း ဇာတ်ကားတွေရိုက်ကူးလာကာ လတ်တလောမှာလည်း နေခြည်ဦးနဲ့အတူ ဇာတ်လမ်းတွဲလေး ရိုက်ကူးထားပါသေးတယ်..။


Photo Credit - Amazing Grace Photography
Photo Credit - OakSoe Khant's Facebook

မိန်းကလေးပရိသတ်တွေရဲ့ အားပေးဝန်းရံမှုတွေကို အများဆုံးရရှိထားတဲ့ အုပ်စိုးခန့်ကတော့ ပရိသတ်တွေစိတ်ဝင်စားနေကြတဲ့ သူ့ရဲ့ အချစ်ရေးလေးအကြောင်းကိုလည်း ပရိသတ်တွေကို ပြောပြလာပါတယ်..။

အုပ်စိုးခန့်ကတော့ ချွဲတတ်တဲ့ကောင်မလေးတွေကို သဘောကျပြီး ချစ်သူကောင်မလေးရှိလာခဲ့ရင် ဘေးမှာအမြဲထားပြီး ဘေးကနေ မကြာခဏ ချွဲစေချင်တယ်ဆိုပြီး စိတ်ကူးထဲက အိပ်မက်ကောင်မလေးအကြောင်းကို ပြောပြထားတာ ဖြစ်ပါတယ်နော်..။


Photo Credit - Amazing Grace Photography
Photo Credit - OakSoe Khant's Facebook

“ရုပ်ရည်နဲ့မဆိုင်ဘဲ အဓိက က နားလည်ပေးမယ် ချစ်ပေးမယ် သူများတွေနဲ့ မတူချင်ဘူး ကျွန်တော့်ဘေးမှာပဲ ထားချင်တယ် ကျွန်တော့်ဘေးကနေ မသွားရဘူး ဖြူဖြူစင်စင်လေးမှာ ဘေးမှာ ထားချင်တယ် ဘေးကနေလည်း မကြာခဏ ချွဲလည်း ချွဲစေချင်တယ် ကိုယ့်ရဲ့ အိပ်မက်ကောင်မလေးပေါ့နော် ကျွန်တော်က ရည်းစားထားဖြစ်ခဲ့မယ်ဆိုရင်လည်း ပျော်ပျော်ရွှင်ရွှင်လေး တစ်ယောက်နဲ့တစ်ယောက် ကလေးလို ပုံစံမျိုးလည်း ဖြစ်မယ် သူလည်း မိန်းကလေးဆိုတော့ ချွဲရင်ချွဲမှာပေါ့နော် ဒါကျွန်တော့ရဲ့ အိပ်မက်ပေါ့ ကျွန်တော်က အချစ်ကြီးတယ် ပိုးစိုးပက်စက်ကို ကြီးတယ် ..” ဆိုပြီးတော့လည်း ပြောပြထားတာပါ..။

ဒီကနေ့လေးမှာတော့ အချစ်နဲ့ ပတ်သက်ပြီး ပြောပြထားတဲ့ အဆိုောတ်ချောလေး အုပ်စိုးခန့်ရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း အားလုံးအတွက် တင်ဆက်မျှဝေပေးလိုက်ပါတယ်နော်..။

Photo Credit - OakSoe Khant's Facebook
Photo Credit - Amazing Grace Photography

Photo Credit - OakSoe Khant's Facebook & Amazing Grace Photography

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။