ပရိသတ်ကြီးရေ.. အနုပညာလောကမှာ ဆယ်စုနှစ်တွေကတည်းက သရုပ်ဆောင်ကောင်းမှုတွေနဲ့ ဇာတ်ကားတွေရိုက်ကူးကာ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိထားသူကတော့ မင်းသမီးချော လင်းဇာနည်ဇော်ပဲ ဖြစ်ပါတယ်နော်..။
သရုပ်ဆောင်လင်းဇာနည်ဇော်ဟာ ဝါရင့်သရုပ်ဆောင်တစ်ဦးဖြစ်ပြီး အနုပညာလမ်းကြောင်း ပေါ်မှာ အောင်မြင်မှုတွေနဲ့ ရပ်တည်နေတဲ့ မင်းသမီးတစ်လက်ဖြစ်သလို ချစ်စရာကောင်းတဲ့ သမီးချောလေးကိုလည်း ပိုင်ဆိုင်ထားပြီး Single Mother အဖြစ်နဲ့ ဘဝကိုအေးအေးလူလူ ဖြတ်သန်းနေသူတစ်ဦးလည်းဖြစ်ပါတယ်..။
အောင်မြင်တဲ့ မင်းသမီးချောတစ်ဦးဖြစ်တဲ့ လင်းဇာနည်ဇော်ကတော့ အနုပညာကို ဝါသနာပါလွန်းလို့ သရုပ်ဆောင်အပြင် သူမရဲ့ဖခင်နာမည်နဲ့ UKZ Production ဆိုပြီး ထုတ်လုပ်ရေးကုမ္မဏီကိုလည်း တည်ထောင်ထားပါတယ်နော်..။
ဖခင်နာမည်နဲ့ ကုမ္မဏီကနေ ဇာတ်ကားလေးတစ်ကား အမြန်ဆုံးထွက်ချင်လို့ ဖခင်ဖြစ်သူ သက်ရှိထင်ရှားရှိစဉ်ကတည်းက ရိုက်ထားတဲ့ ဇာတ်ကားလေးဟာ သူမရဲ့ဖခင်ကွယ်လွန်တာ တစ်နှစ်သာကျော်သွားတဲ့ ဇာတ်ကား ရုံမတင်ရသေးတဲ့ အကြောင်းလေးကိုလည်း ပြောပြလာပါတယ်..။
“အဖေသက်ရှိထင်ရှားရှိနေတဲ့အချိန်မှာ ဖေဖေနာမည်နဲ့ ကုမ္မဏီကနေ ကားလေးတစ်ကား အမြန်ဆုံး ထွက်ချင်လို့ အမြန်ဆုံးရိုက်လိုက်ပေမယ့် အဖေသာဆုံးသွားတယ် ကားက ရုံမတင်နိုင်သေးဘူး စိတ်မကောင်းပါဘူး ကြိုးစားမှာပါ ရုံတင်စနစ်မှာက နှစ်မျိုးရှိတယ် တန်းစီစနစ်နဲ့ စိတ်ကြိုက် တန်းစီသမားကတော့ စောင့်နေရမှာပဲ စိတ်ကြိုက်ထဲမှာမှ အရမ်းကြိုက်တာနဲ့ တော်ရုံသင့်ရုံကြိုက်တာနဲ့တော့ ကွာမှာပေါ့လေ အစ်မတို့ကလည်း အမှန်တိုင်းပြောရရင် ကိုယ်လည်း စိတ်ကြိုက်ရွေးတဲ့ထဲမှာ ပါပါတယ် ဒါပေမယ့်လည်း ကိုယ့်ထက်ကောင်းတဲ့ ကားတွေများနေလို့ လို့ပဲ ထင်ပါတယ်..” ဆိုပြီးတော့ စိတ်မကောင်းစွာ ပြောပြထားတာပါ..။
ပိုက်ဆံအရမ်းရှိလို့ ထုတ်လုပ်ရေး ထလုပ်တဲ့လူ မဟုတ်သလို ပထမဆုံးကားဖြစ်တဲ့အတွက် အတက်နိုင်ဆုံး သရုပ်ဆောင်တော်တော်များများလေး သုံးထားပြီး ပရိသတ်အပေါ်မှာ ကိုယ်ချပြနိုင်တာကို အပြည့်အဝချပြချင်တဲ့အတွက် ပရိသတ်အပေါ်မှာပဲ စေတနာထားပြီးလုပ်ထားတာမို့ မျှော်လင့်ချက်ထက် စေတနာရောင်ပြန်ဟက်တာလေးကိုပဲ စောင့်ချင်တာပါ ဆိုပြီးတော့လည်း ပြောပြထားတဲ့ ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။
Photo Credit - Lin Zarni Zaw's Facebook
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။