ပရိသတ်ကြီးရေ ရုပ်ရှင်သရုပ်ဆောင်စမိုင်းလ်ကတော့ စိတ်ထားလေးဖြူစင်ပြီး သဘောမနောကောင်းတာကြောင့် ပရိသတ်တွေရဲ့ချစ်ခင်မှုတွေကိုရရှိထားတာဖြစ်ပါတယ်။စမိုင်းလ် ပျော်ရွှင်စရာမိသားစုဘဝလေးကိုပိုင်ဆိုင်ထားပြီး မိသားစုနဲ့အတူ ခရီးတွေပျော်ပျော်ပါးပါးထွက်ပြီး အလှူအတန်းတွေဆိုလည်းမကြာခဏလုပ်ဆောင်ပါတယ်နော်။

Photo Credit:စမိုင်းလ် Smile's Page
Photo Credit:စမိုင်းလ် Smile's Page

ဘာသာတရားကိုလည်းသက်ဝင်ယုံကြည်တဲ့ စမိုင်းလ်က သူကိုယ်တိုင်လည်း အဓိဌာန်တွေဝင်သလို ချစ်ရတဲ့ပရိသတ်တွေနဲ့မိတ်ဆွေတွေကိုလည်း ကုသိုလ်ရေးလုပ်ဖို့ တိုက်တွန်းတတ်သူဖြစ်ပါတယ်။အခုလက်တလောမှာဆိုရင်တော့ စမိုင်းလ်တို့ဇနီးမောင်နှံက အမေစုကိုတစ်ထောင့်တစ်နေရာကနေ အားပေးဝန်းရံဖို့အတွက် နယ်သာလန်နိုင်ငံကိုရောက်ရှိနေတာဖြစ်ပါတယ်။

Photo Credit:စမိုင်းလ် Smile's Page
Photo Credit:စမိုင်းလ် Smile's Page

စမိုင်းလ်တို့က ချမ်းအေးလှတဲ့ရာသီဉတုကိုအံတုပြီး ICJ တရားရုံးရှေ့မှာ အမေစုပုံပါတဲ့ အလံ၊ပိုစတာ၊ ဓာတ်ပုံလေးတွေနဲ့ ဝန်းရံနေကြတာပဲဖြစ်ပါတယ်။အခုဆိုရင်လည်း စမိုင်းလ်က"သူများလာဝေတဲ့ထမင်းဗူးလေးတွေနဲ့လမ်းဘေးစားရတာလည်းဖီလင်တစ်မျိုး နိုင်ငံ့အရေးအတွက်အားလုံးစည်းလုံးကြပါစို့"ဆိုပြီး တရားရုံးရှေ့က တစ်ဖဝါးမှမခွာဘဲ နေခဲ့တာဖြစ်ပါတယ်နော်။

Photo Credit:စမိုင်းလ် Smile's Page
Photo Credit:စမိုင်းလ် Smile's Page
Photo Credit:စမိုင်းလ် Smile's Page

Photo Credit:စမိုင်းလ် Smile's Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။