အကယ်ဒမီနန္ဒာလှိုင်ကတော့ ယခုချိန်မှာဆိုရင် သမီးသုံးယောက်ရဲ့မိခင်ဖြစ်နေပါပြီနော်။သမီးလေးတွေကိုလည်း ကျန်းကျန်းမာမာ၊လှလှပပနဲ့ကြီးပြင်းလာအောင် သေချာဂရုစိုက်စောင့်ရှောက်ပေးပြီး ချစ်ခင်ပွန်းအတွက်လည်းမယားဝတ္တရားကျေပြွန်တဲ့သူပါနော်။နန္ဒာလှိုင်ရဲ့မိသားစုလေးက အရမ်းအေးချမ်းလို့ ပရိသတ်တွေကအားကျနေကြတာဖြစ်ပါတယ်။
နန္ဒာလှိုင်ရဲ့သမီးလေးတွေနာမည်ကတော့ ဇေဝတီလှိုင် ဇေရတီလှိုင် ဇေမဒီလှိုင်ဆိုပြီး အဓိပ္ပါယ်ရှိတဲ့နာမည်လှလှလေးတွေပေးထားကြပါတယ်။သမီးလေးတွေကလည်း ချစ်မွှေးလေးတွေပါကြပြီးအရမ်းချစ်စရာကောင်းကြလို့ လူတိုင်းကချစ်ခင်ကြတာပါ။နန္ဒလှိုင်တို့ဇနီးမောင် နှံကလည်း သမီးလေးတွေကြောင့်အမြဲဂုဏ်ယူနေရတာပါနော်။
နန္ဒာလှိုင်ရဲ့သမီးချောတွေက ခရစ္စမတ်ကာလမှာ ကျောင်းကပွဲတွေကျင်းပကြလို့ ပါဝင်ဆင်နွှဲကြပါတယ်နော်။အခုဆိုရင်လည်း အထွေးဆုံးလေးမဒီက ကျောင်းကပွဲမှာ ကောင်းဘွိုင်စတိုင်လ်လေးနဲ့ ပါဝင်ခဲ့တာဖြစ်ပါတယ်။မေမေတောင်အရှုံးပေးသွားရမယ့် မျက်နှာအမူအရာမျိုးစုံနဲ့ချစ်ဖို့ကောင်းနေတဲ့ မဒီလေးရဲ့ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါရစေနော်။
Photo Credit:Nandar Hlaing's Facebook
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။