ပရိသတ်ကြီးရေ မော်ဒယ်လ်တစ်ယောက်ဖြစ်တဲ့ စူးရှထက်ကတော့ စိတ်ကောင်းစေတနာရှိပြီး သဘောထားပြည့်ဝတဲ့သူတစ်ယောက်ဖြစ်လို့ လူချစ်လူခင်ပေါများကာ ပရိသတ်တွေကလည်း သူမကိုအားပေးချစ်ခင်လာကြတာဖြစ်ပါတယ်။စူးရှထက်က လက်ရှိမှာလည်းအနုပညာအလုပ်တွေကိုဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေပြီး ပရိသတ်တွေနဲ့အဆက်မပြတ်သွားအောင် ကြိုးစားနေတာပါနော်။

Photo Credit:Zar Chi's Facebook
Photo Credit:Zar Chi's Facebook
Photo Credit:Zar Chi's Facebook

စူးရှထက်က ကြော်ငြာတွေ၊အလှဓာတ်ပုံတွေကိုအများအပြားရိုက်ကူးနေတာဖြစ်ပြီး ပုရိသပရိသတ်တွေအတွက် သူမရဲ့အလှဓာတ်ပုံတွေက ရင်တဖိုဖိုဖြစ်စေပါတယ်နော်။ခေါင်းအစခြေအဆုံး အရမ်းဆွဲဆောင်မှုရှိပြီး ညှို့အားပြင်းနိုင်လွန်းတဲ့ စူးရှထက်ကတော့ ရုပ်လေးကလည်းလှသလို စိတ်ထားလေးကလည်းဖြူစင်မွန်မြတ်သူဖြစ်လို့ သွားလေရာနေရာတိုင်းမှာ တတ်နိုင်သလောက်ကိုလှူဒါန်းမှုတွေပြုနေတာဖြစ်ပါတယ်။

Photo Credit:Zar Chi's Facebook
Photo Credit:Zar Chi's Facebook

အခုဆိုရင်လည်း စူးရှထက်က မန္တလေးကိုရောက်တုန်းလေးမှာ နေပူကြီးထဲမှာအလုပ်လုပ်နေရတဲ့လူတွေအတွက် မုန့်၊ရေဘူးနဲ့ ပိုက်ဆံတွေကို ဝေပေးခဲ့တာဖြစ်ပါတယ်။လူသားအချင်းချင်းအပေါ်မေတ္တာတရားထားနိုင်ပြီး တတ်နိုင်သလောက်ကို တစ်ဖက်တစ်လမ်းကနေ ကူညီဖေးမပေးခဲ့တဲ့ စူးရှထက်ရဲ့စိတ်ဓာတ်လေးက လေးစားစရာကောင်းတာကြောင့် ပရိသတ်ကြီးအတွက် ဗီဒီယိုဖိုင်လေးကို မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Zar Chi's Facebook
Photo Credit:Zar Chi's Facebook
Photo Credit:Zar Chi's Facebook

Photo Credit:Zar Chi's Facebook

video Credit:Zar Chi's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။