ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာယူ၂၂အသင်းမှာ ခြေစွမ်းပြခဲ့တဲ့ အောင်ကောင်းမာန်ကတော့ ကလပ်အသင်းမှာ ပွဲထွက်ခွင့်နည်းပေမယ့်လဲ နိုင်ငံအသင်းမှာ ခြေစွမ်းပြနိုင်အောင် ကြိုးစားခဲ့ရတဲ့ အကြောင်းကို ပြောပြလာခဲ့ပါတယ်။ အောင်ကောင်းမာန်ကတော့ " ကျွန်တော်ဟာ ဒီလိုဆိုးရွားခါးသီးတဲ့ အနေထားတစ်ခုကနေ ကာလရှည်ကြာ ပင်ပန်းတကြီးရုန်းထခဲ့ရတဲ့ ကျွန်တော်ဂြိုလ်သားပါ။ကျွန်တော် အကြီးအကျယ်ထိုးနှက်ခံနေရတဲ့ အဲ့ဒီ့အချိန်မှာ ကျွန်တော်ရဲ့လက်ဟာ ခွဲစိတ်မှုနှစ်ခါပြန်လုပ်ရတဲ့ စတီးချောင်းဘေးကရံလို့ မူလီစုပ်ထားရတဲ့ လေးပိုင်းကျိုး လက်မောင်းဒါဏ်ရာနဲ့အတူ စိတ်ရောလူပါ ချွတ်ချုံကျချိန်ပေါ့...။လေ့ကျင့်ရေးဆင်းတော့လဲ ဒါဏ်ရာရှိနေတဲ့အတွက် ဘေးမှာပဲအလိုက်သင့်လေးလုပ်နိုင်သလောက်လုပ်နေရင်း.... ကလပ်အသင်းပြန်စေလွှတ်ခံခဲ့ရပါတယ်။

photo credit : Aung Kaung Mann 's facebook
photo credit : Aung Kaung Mann 's facebook

စိတ်ဓါတ်ဆိုတာ အကျဘက်ကိုပဲ ဦးတည်နေခဲ့တယ်။တစ်ဖက်မှာလဲ မခံချင်စိတ်ဆိုတဲ့အရာကြီးက ရှင်သန်လာခဲ့တယ်။အစဦးဆုံး ကျွန်တော် body weight အရင်ချတယ် ညစာဆိုတာဘာမှန်းမသိခဲ့ဘူး လေ့မှမလေ့ကျင့်နိုင်သေးပဲ သူလိုကိုယ်လို ကိုယ်လုပ်နိုင်တာ ဒါပဲရှိတယ် နည်းနည်းတာ့တဇွတ်ထိုးနိုင်တယ် မစားဘူးဆို မစားဘူးပဲ။နောက် ကျွန်တော် ပုံမှန်Training လုပ်နိုင်လာတယ် အရမ်းပျော်တယ် ဒါပေမယ့် သိပ်အဆင်အပြေကြီးတော့မဟုတ်သေးဘူးပေါ့။အဲ့ဒီ့အချိန် U22ပဏာမ ရွေးပါပြီ ကျွန်တော့်နာမည်ပါတော့ အရမ်းအံ့သြဝမ်းသာဖြစ်ခဲ့ရတယ် မကြာပါဘူး လာပါပြီ ကျွန်တော့်အပေါ်ထိုးနှက်မှုတွေ သူတို့ကိုလဲအပြစ်မမြင်ပါဘူး ကျွန်တော်က ဒါဏ်ရာကြောင့် သူတို့ပြောသလို အသင်းမှာ အရံစာရင်းတောင်မပါဘူးပေါ့။ဒါပေမယ့် ကျွန်တော့်ကိုယ် ကျွန်တော် ယုံကြည်တယ် လုပ်နိုင်လိမ့်မယ် ကြိုးစားမယ် တစ်လှမ်းချင်းသွားမယ် အရမ်းခက်ခဲဆင်းရဲမယ် သိတယ် ရှေ့ကိုသွားဖို့ပဲစိတ်အားထက်သန်နေခဲ့တယ်။

photo credit : Aung Kaung Mann 's facebook
photo credit : Aung Kaung Mann 's facebook
photo credit : Aung Kaung Mann 's facebook

U22အသင်းရောက်တော့ ကျွန်တော် တခြားလူတွေထက် တော်တော် နောက်ကျကျန်ခဲ့တာ သတိထားမိလာတယ် လူဖြုတ်မယ့်အချိန်ဆို ကျွန်တော်ရင်ခုန်နေရပါပြီ။အဲ့ဒါကြောင့်လဲ ကျွန်တော် ပိုရုန်းတယ် ကိုယ့်ကိုယ်ကို ခိုင်းတယ် နောက်ကျခဲ့တဲ့ခြေလှမ်းတွေအတွက် လက်ရှိမှာ ပိုလှမ်းနိုင်သလောက်လှမ်းခဲ့တယ်။အခုချိန်မှာ ကျွန်တော်ပင်ပန်းဆင်းရဲခံကြိုးစားခဲ့တဲ့အရာတွေဟာ တစ်စိတ်တစ်ဒေသတော့အရာရောက်ခဲ့ပြီထင်ပါတယ်။အခုထက်လဲ ပိုကြိုးစားဖို့ တွန်းအားပေးနေမိတယ်။ကျွန်တော့်ကို ယုံယုံကြည်ကြည်နဲ့လက်တွဲခေါ်ခဲ့တဲ့ ဆရာချစ်နဲ့နည်းပြကြီးVelizar Popov ကိုလဲကျေးဇူးတင်ပါတယ်။အဖက်ဖက်ကအားနည်းနေခဲ့တဲ့ ကျွန်တော့်ကို အားပေးလက်တွဲခေါ်ပေးခဲ့ကြတဲ့ U22အသင်းသားအားလုံးကိုလဲ အမြဲအမှတ်ရနေပါမယ် ကျေးဇူးလဲတင်ပါတယ် သူငယ်ချင်းတို့ရေ..Good luck ကွဆိုပြီး ပြောပြထားခဲ့ပါတယ်။

source: Aung Kaung Mann 's facebook 

photo credit : Aung Kaung Mann 's facebook
photo credit : Aung Kaung Mann 's facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။