မင်းသမီးချောလေး ဝတ်မှုန်ရွှေရည်ဟာဆိုရင် ဖြူဖွေးဝင်းမွတ်တဲ့အသားအရေလေးနဲ့ ကိုရီးယားမလေးလို့တောင် ထင်မှတ်ရတာ ဖြစ်ပါတယ်။ ပိန်ပိန်သွယ်သွယ် Body လေးနဲ့ ချပ်လျပ်လှပလို့နေတဲ့ ရွှေကစ်လေးက ဘာဝတ်ဝတ်လိုက်ဖက်တင့်တယ်နေတာလည်း ဖြစ်ပါတယ်။ အထူးသဖြင့် ရွှေကစ်လေးက ဖက်ရှင်နဲ့ပတ်သက်ရင် နေရာဒေသနဲ့ကိုက်ညီမှုရှိအောင် သေသေချာချာရွေးချယ်ပြီး ဝတ်စားဆင်ယင်လေ့ရှိတာဖြစ်ပါတယ်။

Photo Credit-LiJohn Photography
Photo Credit-LiJohn Photography
Photo Credit-LiJohn Photography

ဒါကြောင့်လည်း ပရိသတ်တွေအားလုံးက ရွှေကစ်လေးကို ဖက်ရှင်ဘုရင်မလို့တောင် တင်စားခေါ်ဝေါ်နေကြတာဖြစ်ပါတယ်။ အခုလည်း ရွှေကစ်လေးက အလန်းစားဖက်ရှင်လေးနဲ့ ပရိသတ်တွေ အသည်းတဖြုတ်ဖြုတ်ကြွေသွားအောင် ဖမ်းစားလိုက်ပြန်ပါတယ်။ မနေ့ညက " Atlas Rooftop Bar & Lounge " မှာ ကျင်းပပြုလုပ်တဲ့ Oppo ရဲ့ Nebula Green Night ပွဲလေးကို ရွှေကစ်လေးက တက်ရောက်ခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit-LiJohn Photography
Photo Credit-Wutt Hmone Shwe Yi's IG
Photo Credit- Shine - Make Up Artist's FB

ဒီပွဲလေးမှာတော့ ရွှေကစ်လေးက တစ်မူထူးခြားတဲ့ လူငယ်ဆန်ဆန်ဖက်ရှင်လေးကို အလှပဆုံးရွေးချယ်ဝတ်ဆင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဦးထုပ်လေးဆောင်းပြီး ပို့စ်လေးတွေပေးနေတဲ့ ရွှေကစ်ကတော့ ချစ်စရာကောင်းတဲ့ အမူအရာလေးတွေကိုလည်း လုပ်ပြထားပါသေးတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး ဝတ်မှုန်ရွှေရည်ရဲ့ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo & Video Credit-Wutt Hmone Shwe Yi's IG & Shine - Make Up Artist's FB 

Photo Credit-Wutt Hmone Shwe Yi's IG
Photo Credit-Wutt Hmone Shwe Yi's IG

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။