ပရိသတ်ကြီးရေ အကယ်ဒမီခိုင်သင်းကြည်ကတော့ ပျော်ရွှင်စရာမိသားစုဘဝလေးမှာ အေးချမ်းစွာနေထိုင်ပြီး အနုပညာအလုပ်တွေကိုလည်း ဖြည်းဖြည်းမှန်မှန်နဲ့ကြိုးစားလုပ်ကိုင်နေတာပဲဖြစ်ပါတယ်။ခိုင်သင်းကြည်ရဲ့ သမီးချောလေး စံထိပ်ထားဦးကလည်း မေမေ့သွေးအပြည့်ပါတာကြောင့် အနုပညာကိုဝါသနာပါပြီး မေမေနဲ့ကြော်ငြာတွေအတူတူရိုက်ကူးကာ ပွဲအခမ်းအနားတွေကိုလည်းတက်ရောက်ပါတယ်နော်။

Photo Credit:Khine Thin Kyi's Facebook
Photo Credit:Khine Thin Kyi's Facebook

ထိပ်ထိပ်လေးက ပညာသင်ကြားနေတာလည်းဖြစ်တာကြောင့် အနုပညာအလုပ်တွေကိုတော့ တတ်နိုင်သလောက်သာလုပ်ဆောင်နေတာဖြစ်ပါတယ်။ပရိသတ်တွေကလည်း မခိုင်လေးကိုအားပေးချစ်ခင်ကြသလို ထိပ်ထိပ်လေးကိုလည်းအရမ်းချစ်ကြပါတယ်။ထိပ်ထိပ်လေးက စိတ်ထားလေးဖြူစင်ပြီး မိဘစကားကိုမြေဝယ်မကျနားထောင်ကာ လိမ္မာသိတတ်တဲ့သမီးကောင်းရတနာလေးဖြစ်ပါတယ်။

Photo Credit:Khine Thin Kyi's Facebook/Amazing Grace
Photo Credit:Khine Thin Kyi's Facebook

မခိုင်လေးတို့သားအမိနှစ်ယောက်ကလည်း သက်တူရွယ်တူတွေလိုတိုင်တိုင်ပင်ပင်နဲ့ အတူတူလည်ပတ်နေကြတာဖြစ်လို့ ပရိသတ်တွေကတောင် ညီအစ်မတွေလို့သက်မှတ်ထားကြတာဖြစ်ပါတယ်။အခုဆိုရင်လည်း မခိုင်လေးတို့သားအမိက ဘန်ကောက်ကိုသွားကြပြီး စိတ်ကြိုက်ဈေးဝယ်ထွက်နေကြတာဖြစ်ပါတယ်။ထိပ်ထိပ်လေးရဲ့သဘာဝအလှလေးနဲ့ချစ်စရာကောင်းနေပုံလေးကို မေမေခိုင်သင်းကြည်က ဗီဒီယိုရိုက်ထားတာဖြစ်လို့ ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Khine Thin Kyi's Facebook
Photo Credit:Khine Thin Kyi's Facebook
Photo Credit:Khine Thin Kyi's Facebook

Photo Credit:Khine Thin Kyi's Facebook

Video Credit:Khine Thin Kyi's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။