ရန်ကုန်ယူနိုက်တက် (ယူ-၁၉) အသင်းနှင့် ရခိုင်ယူနိုက်တက် (ယူ-၁၉) အသင်းတို့ရဲ့ ခြေစမ်းပွဲစဉ်ကို ဒီဇင်ဘာလ ၁၂ ရက်နေ့၊ ယနေ့ နံနက် ၇:၃၀ အချိန် ရန်ကုန်ယူနိုက်တက် အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားသွားခဲ့ပါတယ်။ ရန်ကုန်လူငယ်အသင်းကိုတော့ ကစားသမား ၃၀ ဦးနှင့်ဖွဲ့စည်းထားတာပဲ ဖြစ်ပါတယ်။

photo credit : Yangon United Football Club 's facebook
photo credit : Yangon United Football Club 's facebook

ရန်ကုန်ယူနိုက်တက် (ယူ-၁၉) အသင်းနှင့် ရခိုင်ယူနိုက်တက် (ယူ-၁၉) အသင်းတို့ခြေစမ်းပွဲစဉ်ကို ယနေ့မနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့ရာ ရန်ကုန်အသင်းက ရခိုင်အသင်းကို ၉-၂ ဂိုးဖြင့်အနိုင်ရရှိခဲ့သည်။ ရန်ကုန်အသင်းအတွက် အနိုင်ဂိုးများကို ကောင်းဇင်မိုး ၅ ဂိုး၊ သန်းတိုးအောင်-၂ ၊ နေလင်းစိုး၊ ဇော်ဝင်းထက် နှင့် ထွန်းထွန်း တို့က တစ်ဂိုးစီ အသီးသီးသွင်းယူပေးခဲ့ပြီး ရခိုင်အသင်းအတွက် ဇင်ဝင်းထက် နှင့် ကျော်ဇင်ဟိန်း တို့က သွင်းယူပေးခဲ့တယ်။

photo credit : Yangon United Football Club 's facebook
photo credit : Yangon United Football Club 's facebook

ပုံမှန်ပွဲကစားချိန် ၄၅ မိနစ် နှစ်ပိုင်း ယှဉ်ပြိုင်ကစားခဲ့ပြီး ပထမပိုင်းတွင် ရန်ကုန်အသင်းက ၆-၁ ဂိုးဖြင့် ဦးဆောင်နေခဲ့သည်။ ဒုတိယပိုင်းတွင် တစ်ဖက်အသင်းကို ဆက်လက်ဖိအားပေးကစားနိုင်ခဲ့ပြီး နှစ်ဂိုးထပ်မံသွင်းယူနိုင်ခဲ့ရာ ပွဲပြီးဆုံးချိန်တွင် ရန်ကုန်အသင်း က ရခိုင်အသင်းကို ၉-၂ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။

source: Yangon United Football Club 's facebook 

photo credit : Yangon United Football Club 's facebook
photo credit : Yangon United Football Club 's facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။